ရခိုင်ယူနိုက်တက်ဘောလုံးအသင်းသည်လစ်လပ်နေသောအသင်းကြီး

နည်းပြချုပ်အဖြစ်ပြီးခဲ့သည့်ရာသီကချင်းယူနိုက်တက်နည်းပြချုပ်အြ

ဖစ်တာဝန်ယူခဲ့သူဦးစိုးသိန်းအားယနေ့ခန့်အပ်တာဝန်ပေးခဲ့ပြီဖြစ်ရာ

လာမည့်ရာသီအတွက်အသင်း၏ ကြိုတင်ပြင်ဆင်မှုများနှင့်ပတ်သက်ြ

ပီးအသင်းဝက်ဘ်ဆိုက်ကယခုကဲ့သို့ပထမဆုံးတွေ့ဆုံမေးမြန်းခဲ့ပါသည်။


Q : မင်္ဂလာပါဆရာ။

A : မင်္ဂလာပါ။

Q : ပထမဆုံးအနေနဲ့ အသင်းနည်းပြချုပ်အဖြစ်ခန့်အပ်ခံခဲ့ရတဲ့အတွက်ဆ

ရာ့ရဲ့အမြင်ကိုသိချင်ပါတယ်။

A : ဝမ်းသာပါတယ်။ MNL မှာဖျက်မြင်းအသင်းလို့ပြော

လို့ရတဲ့ အသင်းတစ်သင်းက ကျွန်တော့်ကို စကမ်း လှမ်း

ချိန်မှာ မငြင်းခဲ့ပါဘူး။ ပရိသတ်အခိုင်အမာရှိတဲ့ အသင်း

တစ်သင်းရဲ့ နည်းပြချပ်ရာထူး ကကျေနပ်စရာပါ။


Q : ဟုတ်ကဲ့ | လာမယ့်ရာသီအတွက် အသင်းကို ဘယ်လိုပြင်ဆင်မယ်လို့

စဉ်းစားထားသလဲခင်ဗျ။

A : အသင်း မှာ ရှိတဲ့ ကစားသမားတွေ အပြင် နိုင်ငံခြား

သားကစားသမားတွေထပ်ဖြည့်မှာပါ။မနှစ်က ရခိုင်အသင်းကတန်း

ဆင်းဇုန်အတွက်ရုန်းခဲ့ရတာက မဖြစ်သင့်ပါဘူး။ဒါပေမယ့် ချင်းအသင်းမှာ

တာဝန်ယူခဲ့ကတည်းကရခိုင်အသင်းရဲ့စိတ်ဓါတ်ပိုင်း

ကိုကြိုက်ခဲ့တယ်။

ဒီရာသီမှာ ကျွန် တော်ကတော့ အသင်းကို ခံစစ်မာကျောအောင်

အရင်တည်ဆောက်မယ်။ပြီးမှ တိုက်စစ် ပိုင်းသွား မယ်။ဂိုးမရရင် တောင်

ဂိုးမပေးရရင် တစ်မှတ်ရပါတယ်။ဒါကျွန်တော့်ရဲ့ ခံယူချက်ပါပဲ။


Q : MNL မှာ အိမ်ကွင်းလက်ခံကစားမယ့် အသင်းတွေတိုးလာမှာ

ဆိုတော့ ဆရာ့ရဲ့ လာမယ့်ရာသီဖြတ်သန်းရမယ့်အပေါ်ဘယ်လိုစဉ်း

စားထားပါသလဲ။

A : လိဂ်အနေနဲ့ ဆို ရင်ပြိုင်ဆိုင်မှုပြင်းထန်လာမယ်။အသင်းတိုင်းကလျော့

တွက်လို့မရတော့ဘူး။ဒါ့အပြင် အဝေးကွင်းပွဲတွေ ခရီးတွေ သွားရမယ်။

ရှုံးထွက်ပွဲတွေလည်းကစားရမှာမို့ တစ်သင်းလုံးကြံ့ခိုင်မှု ကောင်းနေဖို့

လိုသလိုပွဲထွက်ကစားသမားတွေနဲ့အရန်ကစားသမားတွေအရမ်းကွာဟမနေဖို့

လဲလိုတယ်။ဒီအချက်ကိုအဓိကထားပြီးပြင်ဆင်မှာဖြစ်သလို တစ်ပွဲချင်းစီ သုံးသပ်ပြီး

ကစားသွားဖို့ လုပ်မှာပါ။အဆင့် ၇ အတွင်းဝင်ဖို့ လုပ်မှာပါ။ ဒါကျွန်တော့်ရဲ့ ပစ်မှတ်ပါပဲ။


Q : လက်ရှိကစားသမားအင်အားကိုအားရကျေနပ်မှုရှိပြီလားခင်ဗျ။

A : လောလောဆယ် စာရင်းအရကြည့်ရင် ကျွန်တော့် အနေနဲ့

ကွင်းလယ်ပိုင်းကိုအားဖြည့်ဖို့လို သေး တယ် လို့ထင်တယ်။ နိုင်ငံခြားသားကစားသမားတွေ

လည်းချိတ်ဆက်ခေါ်ယူဖို့ လုပ်သွားမှာပါ။ MNL အနေအထားအရ နိင်ငံခြားသားကစားသမား

အင်အားကလည်း အသင်း အနေနဲ့အရေးပါတဲ့အတွက် အသင်းဘတ်ဂျက်

အပေါ်မူတည်ပြီး ရှေ့ လယ် နောက် တစ်ယောက်စီ အားဖြည့် ဖို့ရှိပါတယ်။


Q : နောက်ဆုံးအနေနဲ့အသင်းအပေါ်ရှုံးရှုံးနိုင်နိုင်လာအားပေးကြတဲ့ရခိုင်ပ

ရိသတ်အတွက်ဆရာ့ရဲ့စကားလက်ဆောင်လေးပြောပေးပါဦး။

A : ချင်း မှာရှိကတည်းက ကွင်းထဲမှာအမြဲတက်တက်ကြွကြွလာအားပေြး

ကတဲ့ရခိုင်ပရိသတ်ကိုတော့ လေးစားပြီးသားပါ။ ဒီလို ပရိသတ်တွေ

တခဲနက်အား ပေးတဲ့အသင်းမှာတာဝန်ယူရတဲ့အတွက်လည်း ကျေနပ်ပါတယ်။

လာမယ့်ရာသီမှာ ကိုယ့် အိမ်ကွင်း မှာ ကစားရ မှာဖြစ်တဲ့အတွက်လည်း ပွဲတိုင်း

ကို ကွင်းထဲ လာပြီးအားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပရိသတ်တွေ

အတွက် ဝေသာလီကွင်း မှာပွဲတိုင်းကို အနိင်ရဖို့နဲ့ အသင်းတိုင်း

ဂရုစိုက်ရတဲ့အသင်းတစ်သင်း ဖြစ်လာဖို့ ကြိုးစား တည်ဆောက်သွားပါမယ်။


Q : ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

www.rakhineunitedfc.com