News


Ji7a4124 1024x424

AFC Club Licensing Seminar ပြုလုပ်


မြန်မာနေရှင်နယ်လိဂ် ကော်မတီ လက်အောက်ရှိ ပြိုင်ပွဲနှစ်ရပ် ဖြစ်သည့် မြန်

မာနေရှင်နယ်လိဂ် ၁ နှင့် ၂ ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နေသည့်

ကလပ်အသင်း အချို့ကို ကလပ်အသင်း လိုင်စင် ကိစ္စရပ်များနှင့် ပတ်သက်၍

လာရောက် စစ်ဆေးမှုများ ပြုလုပ်နေသည့် အာရှဘောလုံး အဖွဲ့

ချုပ်မှ ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံ

ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် လိဂ်-၁ နှင့် လိဂ်-၂

မှ ကလပ်အသင်းများမှ တာဝန်ရှိသူများနှင့် Club Licensing Seminar တစ်ခုကို

ပြုလုပ်ခဲ့သည်။


ယင်း Seminar သို့ AFC ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနေရှင်နယ်လိဂ်

အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ အကြံပေး မစ္စတာ ဂျေဆင်း

မူသီယာ၊ မြန်မာနေရှင်နယ်လိဂ် Club Licensing မန်နေဂျာ ဦးသုတမြင့်ဦး၊ မြန်

မာနေရှင်နယ်လိဂ် ၁ နှင့် ၂ မှ ကလပ်အသင်းများ၏ တာဝန်ရှိသူများ တက်ရောက်ခြဲ့

ကသည်။


မစ္စတာ မဟာဂျန် ဦးဆောင်သည် ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်၊ ရတနာပုံ၊

ဟံသာဝတီ၊ ဆောက်သမ်းမြန်မာ၊ မကွေး၊ မဟာယူနိုက်တက်၊ တက္ကသိုလ်လက်ရွေးစင်၊

ဒဂုံ အစရှိသည့် ကလပ်အသင်း (၈) သင်းကို ဇူလိုင် ၂၆ ရက် ကတည်းက

စစ်ဆေးမှုများ ပြုလုပ်နေခဲ့ခြင်း ဖြစ်ပြီး ယနေ့ Seminar တွင် စစ်ဆေးမှု

ပြုလုပ်ခဲ့သည်များမှ လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့ကာ ကျန်ကလပ် အသင်း

များကိုလည်း လိုအပ်သည့် အချက်များကို အချိန်မီ ဖြည့်ဆည်းဆောင်ရွက်ကြရန်

တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက် ကလပ်အသင်းများကလည်း သိလို

သည်များကို မေးမြန်းခဲ့ပြီး အပြန်အလှန် ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့သည်။


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ တို့သည်

အာရှ၏ အဆင့်မြင့် ဘောလုံးပြိုင်ပွဲကြီးများတွင် မြန်မာနေရှင်နယ်လိဂ် ကလပ်အ

သင်းများ ပိုမိုပါဝင်ခွင့် ရရှိရေး ကြိုးပမ်းလျှက် ရှိရာ ကလပ်အသင်း လိုင်စင်သည်လည်း

အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လျှက် ရှိသည်။ သို့ဖြစ်ရာ လာမည့် ရာသီတွင်

ကလပ်အသင်းများ အတွက် သတ်မှတ်ချက် အသစ်များ တိုးလာရန်လည်း ရှိနေသည်။


အသိသာဆုံး အချက်မှ နည်းပြချုပ် သတ်မှတ်ချက် ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်-၁

ကလပ်များ၏ နည်းပြချုပ်များမှ AFC “A” လိုင်စင် ကိုင်ဆောင်သူ ဖြစ်ရမည် ဖြစ်ကာ

လိဂ်-၂ မှ နည်းပြချုပ်များမှာ AFC “B” လိုင်စင် ကိုင်ဆောင်ထား ရမည် ဖြစ်သည်။

AFC Champions League ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် အသင်းများ

အနေဖြင့်မူ နည်းပြချုပ် အနေဖြင့် AFC Pro လိုင်စင် သို့မဟုတ် UEFA Pro

လိုင်စင် ကိုင်ဆောင်ထားရမည် ဖြစ်သည်။

Posted Date 08 Aug
Posted By
Img 6480

ချင်းယူနိုက်တက်နှင့်ပွဲပြီးပြောစကား


'' ကိုယ့်အမှားကနေတဆင့်ဦးဆောင်ဂိုးပေးလိုက်ရတယ်။ဒုတိယပိုင်းမှာကစား

ကွက်ပြန်ပြင်ခဲ့တဲ့အတွက်ချေပဂိုးပြန်ရခဲ့ပါတယ်။ဒီရလဒ်ကကျေနပ်စရာမဟုတ်

ပေမယ့်လာမယ့်ပွဲကိုမဖြစ်မနေအနိုင်ကစားရပါတော့မယ်။တန်းဆင်းဇုန်မှာ

ဆောက်သမ်းနဲ့သုံးမှတ်ကွာသွားပြီဆိုပေမယ့်လက်ကျန်(၂)ပွဲမှာ(၃)မှတ်

အနည်းဆုံးရဖို့ကြိုးစားမှာပါ။ဒီနေ့ပွဲကိုဒဏ်ရာရနေတဲ့ကစားသမားတွေကြောင့်

လူစုံမသုံးနိုင်ခဲ့ဘူး။''


ဦးဝင်းတင်(ရခိုင်ယူနိုက်တက်နည်းပြချုပ်)

www.rakhineunitedfc.com

Posted Date 06 Aug
Posted By
The sample

ရခိုင်ယူနိုက်တက်ဘောလုံးအသင်းပရိသတ်ကြီးသို့ ပန်ကြားချက်


၂၀၁၆ အော်ရီဒူးမြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီးသည်ပြိုင်ပွဲပြီးဆုံးရန်

(၃)ပွဲသာကျန်ရှိနေပြီဖြစ်ပါသည်။ရခိုင်ယူနိုက်တက်ဘောလုံးအသင်းသည်

(၃)ပွဲကျန်ရှိသည့်အခြေအနေတွင်ရမှတ်(၁၅)မှတ်ရရှိထားပြီးအဆင့်(၁၀)နေ

ရာတွင်ရပ်တည်လျက်ရှိကာယခုလာမည့်သြဂုတ်လ(၆)ရက်နေ့(စနေနေ့)ညနေ(၄)

နာရီတွင်ရန်ကုန်မြို့အောင်ဆန်းကွင်း၌ ချင်းယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်

ကစားရမည်ဖြစ်ပါသည်။


ရာသီတစ်လျှောက်လုံးရခိုင်ယူနိုက်တက်အသင်းပွဲစဉ်များကိုနေပူမိုးရွာမရှောင်နိုင်နိုင်ရှုံးရှုံး

လာရောက်အား ပေးကြပါသောပရိသတ်ကြီးအားအထူးကျေးဇူးတင်ရှိပါကြောင်း

နှင့်အားပေးမှုကိုအသင်းအနေဖြင့်လည်းမှတ်တမ်းတင်ဂုဏ်ယူမိပါသည်။


ချင်းယူနိုက်တက်နှင့်ပွဲစဉ်သည်အသင်းအတွက်အလွန်အရေးကြီးသောအဆုံးအဖြတ်ပွဲ

စဉ်ဖြစ်ပြီးအဆိုပါပွဲစဉ်တွင်အနိုင်(၃)မှတ်ရယူရန်မှာအရေးကြီးသကဲ့သို့ထို

အနိုင်၃မှတ်ရယူနိုင်မှသာ လာမည့်ပွဲစဉ်၂ပွဲအတွက် လည်းယုံကြည်မှုနှင့်

ခွန်အားဖြစ်လာစေမည်ဖြစ်ပါသည်။


ထို့ကြောင့် အသင်းအနေဖြင့်အဆိုပါပွဲစဉ် အတွက်ကြို

တင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိပြီးမိနစ်(၉၀)ယှဉ်ပြိုင်ကစားအပြီးတွင်လာရော

က်အားပေးကြသောချစ်ပရိသတ်ကြီးအားပျော်ရွှင်မှုပေးစွမ်းနိုင်ရန်အစွမ်း

ကုန်ကြိုးစားသွားမည်ဖြစ်ပြီးထို့အတွက်လည်း လေ့ကျင့် ရေးကွင်း

နှင့်စီမံခန့်ခွဲမှုအပိုင်းတွင်လည်းအာရုံစိုက်ပြင်ဆင်လျက်ရှိပါသည်။


ပွဲချိန်မိနစ်(၉၀)ယှဉ်ပြိုင်ကစားရမည့်အဆိုပါပွဲစဉ်တွင် ၁၂ယောက်မြောက်

ကစားသမားဟု ဆိုနိုင်သည့်လေးစားအပ်ပါသောရခိုင်ယူနိုက်တက်အသင်းပရိသတ်ကြီး၏

တခဲနက်အားပေးမှုကလည်းကစားသမားများအတွက်အားဆေးတစ်ခွက်ဖြစ်သကဲ့သို

့ ပြိုင်ဘက် အသင်း သားများအတွက်လည်း ဖိအားတစ် ရပ်ဖြစ်စေပါသည်။


သို့ဖြစ်ပါ၍ ရခိုင်ယူနိုက်တက် နှင့် ချင်းယူနိုက်တက် ပွဲစဉ်အား ရခိုင် ယူနိုက်တက်အသင်း

ပရိသတ်ကြီး အနေဖြင့် တခဲနက်လာရောက်အားပေးကြ ပါရန် လေးစားစွာ

ပန်ကြားအပ်ပါသည်။


ရခိုင်ယူနိုက်တက်ဘောလုံးအသင်း

Posted Date 04 Aug
Posted By
13658998 578690308970301 1924487996190517001 n

Pre-Match Comments


'' We're preparing for Sunday's match against Yangon Utd but we 're

making the team formation and how to play defensive style especially

without ball possession. Ygn Utd is a big team and then they will play

attacking based style but we expect to get at least one mark. Also we

would like to say that, we will try hard the relegation clash. ''


U Win Tin(Head Coach)

Rakhine United FC


ပွဲကြိုပြောစကား

- - - - - - - - - - - - -

" ရန်ကုန်နဲ့ပွဲအတွက် အထူးတလည်ပြင်ဆင်နေ တယ် ဆိုတာထက် ကစားကွက်ပို

င်းနဲ့ဘောလုံးဆုံးတဲ့အချိန်မှာခံစစ်ကိုဘယ်လိုကစားမလဲဆိုတာအဓိကထာြး

ပီးလေ့ကျင့်နေပါတယ်။ရန်ကုန်ကအသင်းကြီးဖြစ်တဲ့အတွက်တိုက်စစ်ဦးစားပေး

ကစားလာမှာပါ။ကျွန်တော်တို့ကတော့သရေတစ်မှတ်အတွက်မျှော်လင့်ထားသလို

တန်းဆင်းဇုန်တိုက်ပွဲအတွက် လည်း အကောင်း ဆုံးကြိုးစားသွားမယ်လို့ပြော

ချင်ပါတယ်''


ဦးဝင်းတင်(နည်းပြချုပ်)

ရခိုင်ယူနိုက်တက်ဘောလုံးအသင်း

Posted Date 16 Jul
Posted By
Cup

တရုတ်-အာဆီယံမြို့ကြီးများဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ရခိုင်ယူနိုက်တက်ဝင်ရောက်ယှဉ်ပြိုင်မည်


တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပပြုလုပ်မည့်နိုင်ငံတကာဖိတ်ခေါ် ဘောလုံြး

ပိုင်ပွဲဖြစ်သည့်‘’တရုတ်-အာဆီယံမြို့ကြီးများ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ‘’ ကို

ရခိုင်ယူနိုက်တက်အသင်း ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။


အဆိုပါဘောလုံးပြိုင်ပွဲ ကို ၂၀၁၆ခုနှစ်ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံနန်နင်းမြို့တွင်

ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးအိမ်ရှင်တရုတ်ကလပ်အသင်းဖြစ်သောဂေါင်ဇီအသင်းအပါ

အ၀င်မြန်မာ၊လာအို၊ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းလိဂ်ပြိုင်ပွဲများမှကလပ်အသင်းများ

ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။


ရခိုင်ယူနိုက်တက်အသင်းသည် ထိုပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းြ

ပိုင်ပွဲကျင်းပရေးကော်မတီ၏ဖိတ်ကြားမှုကို တရားဝင်ပြန်ကြားခဲ့ပြီးဖြစ် ကာ

ယခုနှစ် ဘောလုံးရာသီမြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲပြီး ဆုံးသည့်အချိန်တွင်

လာမည့်ရာသီသစ်အတွက်ကြိုတင်ပြင်ဆင်မှုတရပ်အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်သွား

မည်ဖြစ်ပါသည်။


အဆိုပါပြိုင်ပွဲကို ရခိုင်ယူနိုက်တက် အသင်း၏ မိတ်ဖက်ကလပ်အသင်းဖြစ်လာမည့် လာအို

ပရီးမီးယားလိဂ် ကလပ် ဆေဗန်ယူနိုက်တက် အသင်း လည်းဝင်ရောက်ယှဉ်ပြိုင်သွားမည်ြ

ဖစ်ကြောင်း သိရှိရသည်။

Posted Date 14 Jul
Posted By
Sponsor
Sponsor22
Sponsor4
Sponsor2
Sponsor
Sponsor22