News


13987541 1023786674384442 7038964071132844182 o

သရေ တစ်မှတ်စီ ခွဲယူခဲ့ကြတဲ့ ရခိုင်ယူနိုက်တက်နဲ့ Horizon


ယနေ့ညနေက မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၂၁ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ Horizon နဲ

့ ရခိုင်ယူနိုက်တက်ပွဲစဉ်မှာ တစ်ဖက် ၁ ဂိုးစီသရေနဲ့ပွဲပြီးဆုံးသွားခဲ့ပါတယ်။


ရခိုင်ယူနိုက်တက်ဟာ ပွဲစကတည်းက ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အနိုင် ၃ မှတ်အတွက်

ဂိုးသွင်းခွင့်တွေကို အသင်းတိုက်စစ်မှူးတွေ အသုံးမချနိုင်ခဲ့ပါဘူး။ Horizon ကေ

တာ့ ပထမပိုင်း ၄၅ မိနစ်အတွင်း ဂိုးသွင်းခွင့်မရခဲ့ဘဲ ခံစစ်မှာသာ အချိန်ကုန်နေခဲ့ရပါ

တယ်။


ဒုတိယပိုင်းမှာတော့ Horizon က တိုက်စစ်ဖွင့်ကစားလာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု

လည်း အသာစီးရယူနိုင်ခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေ အများအပြားရရှိခဲ့ပြီး

ပွဲကစားချိန် ၅၆ မိနစ်အရောက်မှာတော့ တိုက်စစ်မှူး မာတင်ပီခရမ်ဒူးက Horizon အတွက်

ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။


ဒါပေမဲ့ အမှတ်လိုအပ်နေတဲ့ ရခိုင်ယူနိုက်တက်က ချေပဂိုးရရှိရေး တိုက်စစ်ဆင်ကစားခဲ့

ပြီး ပွဲကစားချိန် ၇၈ မိနစ်မှာ ဒွေးကိုကိုချစ်က ရခိုင်ယူနိုက်တက်အတွက် ပြန်လည်ချေပနို

င်ခဲ့လို့ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


တန်းဆင်းဇုန်ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဆောက်သမ်းမြန်မာကတော့ ချင်း

ယူနိုက်တက်ကို ဂိုးမရှိသရေကစားခဲ့ပြီး အဖိုးတန်ရမှတ်တစ်မှတ်ရယူနိုင်ခဲ့ပါတယ်။ အခြားပွဲ

စဉ်တစ်ပွဲဖြစ်တဲ့ ရှမ်းယူနိုက်တက်နဲ့ မကွေးပွဲစဉ်မှာလည်း ဂိုးမရှိသရေရလဒ်သာထွက်ေ

ပ်ါခဲ့ပါတယ်။


မြန်မာနေရှင်နယ်လိဂ် ရာသီအပိတ်ပွဲစဉ်တွေမှာ ရခိုင်ယူနိုက်တက်က ဇေယျာရွှေမြေနဲ့

ကစားရမှာဖြစ်ပြီး ဆောက်သမ်းမြန်မာကတော့ ရှမ်းယူနိုက်တက်ကို အဝေးကွင်းမှာ

သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Posted Date 18 Aug
Posted By
Img 6480

ဟော်ရီဇွန်နှင့်ပွဲအပြီးပြောစကား


" တကယ့်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲပါ။ပထမပိုင်း

တစ်ခုလုံးအပိုင်အခွင့်အရေးတွေရပေမယ့်အသုံးမချနိုင်ခဲ့

တာကဆိုးပါတယ်။တဖက်အသင်းကလည်း တန်း ဆင်း

ခဲ့ရပြီဆိုပေမယ့်ကျွန်တော်တို့ကိုဒုက္ခပေးသွားနိုင်ခဲ့

သလိုကစားပုံလည်းကောင်းခဲ့တာကိုအသိအမှတ်ပြုရမှာ

ပါ။ကျွန်တော့်ကစားသမားတွေနိုင်ရမယ်ဆိုတဲ့ဖိအား

အောက်ရောက်နေခဲ့တာကြောင့်အချိတ်အဆက်

်တွေလွဲနေခဲ့တာဖြစ်ပါတယ်။ဒွေးကိုကိုချစ်ရဲ့ခေါင်း

တိုက် ချေပဂိုးကတော့တကယ့်ကိုအဖိုးတန်တဲ့ဂိုးပါ။ကွင်း

ထဲကိုကိုယ်တိုင်ကိုယ်ကျတခဲနက်လာအားပေးခဲ့ကြတဲ့

ရခိုင်ပရိသတ်တွေရဲ့အားပေးမှုတွေကြောင့်ပဲပြန်လည်

ချေပဂိုးရခဲ့တာဖြစ်သလိုတန်းမဆင်းရဖို့အခွင့်အရေးများ

သွား ခဲ့ပြီမို့ ပရိသတ်ကြီးကိုကျေးဇူးတင်ပါတယ်။''


နည်းပြချုပ်ဦးဝင်းတင်

ရခိုင်ယူနိက်တက်ဘောလုံးအသင်း

Posted Date 18 Aug
Posted By
Img 5002

ဟော်ရီဇွန်နှင့်ပွဲကိုဗိုလ်လုပွဲကဲ့သို့အစွမ်းကုန်ကြိုးစားသွား မည်ဖြစ်ကြောင်းကာမာရာဖွင့်ဟ


လာမည့်တနင်္ဂနွေနေ့တွင်ယှဉ်ပြိုင်ကစားရမည့်ဟော်ရီဇွန် အသင်း

နှင့်ပွဲကိုဗိုလ်လုပွဲတစ်ပွဲကဲ့သို့အားကုန်ထုတ်ယှဉ်ပြိုင်ကစားသွားမည်ဟုကွင်း

လယ်လူကာမာရာကဖွင့်ဟပြောကြားသွားခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းသည်ဟော်ရီဇွန်အသင်းကိုပထမအကျော့ထိပ်တိုက်ေ

တွ့ဆုံခဲ့စဉ်က ဒွေးကိုကိုချစ်နှင့်အန်ဒရေတို့၏သွင်းဂိုးများဖြင့်သုံးဂိုြး

ပတ်အနိင်ရရှိထားခဲ့သော်လည်းဒုတိယအကျော့ပွဲစဉ်မှာပထမအကျော့ကဲ့သို့

လွယ်ကူလိမ့်မည် မဟုတ်ဟုသြစတြေးလျ ကွင်းလယ်လူကာမာရာကဆိုသည်။


'' ပထမအကျော့မှာ ၃ဂိုးပြတ်နိုင်ခဲ့တယ်ဆို ပေမယ့် ဟော်ရီဇွန်ကလျော့တွက်လို့မရတဲ့

အသင်းပါ။ ဇယားအောက်ဆုံးကအသင်းမျိုးကပိုကြောက်ဖို့ကောင်းပါတယ်။

သူတို့ရဲ့ရလဒ်တွေကြည့်လိုက်ရင် ပေးဂိုးများ ပေမယ့်ပြိုင်ဖက်ကိုဂိုးသွင်းယူ

နိင်တာတွေ့ရမယ်။ကျွန်တော်တို့ အဲအချက်ကိုဂရုစိုက်ရပါလိမ့်မယ်။''

ဟုကာမာရာကဆိုသည်။


ဆက်လက်ပြီး တန်းဆင်းဇုန်မှလွတ်မြောက်ရန်ဆောက်သမ်းကို၃မှတ်အသာ

ထားရသော်လည်းယခုပွဲအနိုင်ရရှိမှသာတန်းဆင်းဇုန်အန္တရာယ်မှလွတ်နိုင်မ

ည့်ဖြစ်၍ယခုပွဲကိုဗိုလ်လုပွဲကဲ့သို့ကစားမည်ဖြစ်ကြောင်းကိုလည်း

'' ပွဲပယ်ပြစ်ဒဏ်ကြောင့်၂ပွဲ ပါဝင်ခွင့်မရခဲ့ပေမယ့်ဒီပွဲလိုအသင်းအ

တွက် အရေးကြီးတဲ့ပွဲမျိုးမှာ ပါဝင် ကစား ခွင့်ရမှာဖြစ်လို့ကျေနပ်မိပါတယ်။

လာမယ့်ပွဲကို ဗိုလ်လုပွဲ တစ်ပွဲလိုအစွမ်းကုန်ကြိုးစားမှာပါ။မိနစ်၉၀ပြည့်လို့

ဒိုင်လူကြီးရဲ့ဝီစီမှုတ်သံအဆုံးမှာအသင်းသားတွေအားလုံးရောပရိသတ်ေ

တွပါပျော်ရွှင်ခွင့်ရဖို့ပဲလိုချင်ပါတယ်။အကောင်းဆုံးကြိုး စားပါမယ်''ဟုပြော

ကား သွားခဲ့သည်။


ရခိုင်ယူနိုက်တက်နှင့်ဟော်ရီဇွန်အသင်းတို့ပွဲစဉ်ကိုသြဂုတ်လ(၁၄)ရက်နေ့ ညနေ(၄)

နာရီတွင်အောင် ဆန်းအားကစားကွင်း၌ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး

ယခုပွဲအနိုင်ရရှိခဲ့ပါကရခိုင်ယူနိုက်တက်အသင်းသည်တန်းဆင်းဇုန်မှလွတ်မြောက်ရ

န်သေချာမည်ဖြစ်သည်။

Posted Date 13 Aug
Posted By
13920861 589462571226408 1299065374958759844 n

'' ကွင်းထဲမှာကျွန်တော်တို့ရဲ့မျိုးဆက်တွေရှိတယ် ''


ဘောလုံးပွဲရှုံးတိုင်း ခုံတွေလွှင့်ပစ်တာအရာဝတ္ထု တွေနဲ့ပစ်ပေါက်တာဟာ

အဖြေမဟုတ်ပါ။နိုင်ငံတကာပြိုင်ပွဲဆိုအိမ်ရှင်မျက်နှာပျက် ဂုဏ်သိက္ခာ ညိုးနွမ်းရသလို

ကလပ်အသင်းပြိုင်ပွဲ ဆိုရင် လည်းအိမ်ရှင်ကလပ်အသင်းကတာဝန်ယူရပါမယ်။

ဒါ့အပြင်မလိုလားအပ်တဲ့နောက်ဆက်တွဲဖြစ်ရပ်တွေအတွက်လည်းပြိုင်ပွဲကျင်းပရေးကော်မတီနဲ

့စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့ရဲ့ပြစ်ဒဏ်ကိုလည်းခံရ

မှာဖြစ်ပါတယ်။


ကွင်းထဲမှာ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေရှိတယ်။

ကျွန်တော်တို့ရဲ့ အနာဂတ်တွေရှိတယ်။ ပရိသတ်တွေ ပူးပေါင်းပါဝင်မှုက

သာ မြန်မာ့ ဘောလုံး ရဲ့ တိုးတက်ရာ လမ်းကြောင်းမှန် တစ်ခု ဖြစ်ပါတယ်။

Posted Date 13 Aug
Posted By
Img 4526

ANDREY IS THE TOP SCORER OF RAKHINE UTD !


ယမန်နေ့ကယှဉ်ပြိုင်ကစားခဲ့သည့်ချင်းယူနိုက်တက်နှင့်ပွဲစဉ် တွင်ချေပဂိုးသွင်း

ယူပေးခဲ့ သော ရခိုင်ယူနိုက်တက်အသင်း၏ဘရာဇီးလ်တိုက်စစ်မှူးအန်ဒရေကော်တင်ဟို၏

ယခုနှစ်ရာသီသွင်းဂိုး(၁၀)ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါသည်။


ထို့ပြင်အန်ဒရေကော်တင်ဟိုသည်၂၀၁၆မြန်မာနေရှင်နယ်လိဂ်ဂိုးအများဆုံးသွင်းယူထားသူ

(၅)ဦးတွင်ပါဝင်လျက်ရှိပြီးထိပ်ဆုံးမှဧရာဝတီယူနိုက်တက်တိုက်စစ်မှူးဖြစ်သူနိုက်ဂျီးရီးယားတိုက်စစ်မှူးခရစ္စ

တိုဖာနှင့်(၄)ဂိုးအကွာတွင်ရပ်တည်လျက်ရှိသည်။


Andrey Coutinho he was scored 10 goals in this season and his's equaliser

yesterday match against Chin Utd. Nigerian Striker Christopher, the central

forward of AUFC, who leads the top scorers list with his 14 goals of MNL 2016,

the brasilian goal machine Andrey including the top 5 scorer players of Ooredoo

MNL 2016 league competition. Lets try hard for more goals Andrey!

Posted Date 08 Aug
Posted By
Sponsor
Uab
Sponsor4
Sponsor2
Uab
Sponsor22