News


10393704 382020911970576 3241617102068188072 n

ဧရာဝတီယူနိုက်တက်နှင့်ပွဲပြီးပြောစကား

''ပွဲမစခင် ကျွန်တော်တို့က ရေပန်းမစားပါဘူး ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့တယ်။ အစောပိုင်းမှာဂိုးပေးလိုက်ရပေမယ့်ဖိအား ပေးနိုင်ခဲ့သလိုအခွင့်အရေးကောင်းတွေအများကြီးရခဲ့ပေမယ့် အသုံးမချနိုင် ခဲ့ပါဘူး။ အိမ်ရှင်အားသာချက်ရှိပေမယ့် ကျွန်တော်တို့ စွမ်းဆောင်နိုင်ခဲ့ပြီး သရေတစ်မှတ်ရခဲ့သင့်တာပါ။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာအောင် ကြိုးစားရမှာပါ'' ဂျော်ဒန် (ရခိုင်ယူနိုက်တက်အက်ဖ်စီတိုက်စစ်မှူး)

Posted Date 07 Feb
Posted By admin
Img 7694

ရခိုင်ယူနိုက်တက်အက်ဖ်စီ၏ Co-Sponsorအဖြစ် Orona အမှတ်တံဆိပ်မှကူညီပံ့ပိုးသွားမည်

၂၀၁၅ခုနှစ်မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်ရခိုင်ယူနိုက်တက်အက်ဖ်စီ၏ Co-Sponsorအဖြစ် Myanmar Mahar Htun Co.,Ltd.မှကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး Oronaအမှတ်တံဆိပ်လိုဂိုအားရခိုင်ယူနိုက်တက်အက်ဖ်စီ၏ဂျာစ်ီရင်ဘတ်ညာဘက်တွင်တပ်ဆင်အသုံးပြုသွားမည် ဖြစ်သည်။ Orona အမှတ်တံဆိပ်သည် စပိန်နိုင်ငံထုတ်ဓါတ်လှေကားအမျိုးအစားဖြစ်ကာ Myanmar Mahar Htun Company မှ မြန်မာနိုင်ငံသို့တရားဝင်ကိုယ်စားလှယ် အဖြစ်တင်သွင်းဖြန့်ဖြူး ရောင်းချပေးနေခြင်းဖြစ်ပြီး အဆိုပါအမှတ်တံဆိပ်ပါဂျာစီများကိုရခိုင်ယူနိုက်တက်အက်ဖ်စီအနေဖြင့်ယခု၂၀၁၅ဘောလုံးရာသီအပြီးအထိဝတ်ဆင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ထိုသို့စပွန်ဆာအဖြစ်ပံ့ပိုးမှုရရှိခဲ့ခြင်းနှင့်ပတ်သက်ပြီးရခိုင်ယူနိုက်တက်အသင်းမန်နေဂျာ ဦးထွန်းထွန်းဝင်းက ''အခုလို Orona နဲ့လက်တွဲခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ရခိုင်ယူနိုက်တက်အသင်းကိုစပွန်ဆာအနေနဲ့ကူညီပံ့ပိုးပေးတဲ့အတွက်မြန်မာမဟာထွန်းကုမ္ပဏီကိုရောOronaကိုပါအထူးကျေးဇူးတင်ပါတယ်။ ဒီသဘောတူညီမှုဟာနှစ်ဦးနှစ်ဖက်စလုံးအတွက်အကျိုးရှိမှာဖြစ်ပြီးနောက်ရာသီတွေမှာလည်းဆက်လက် တွဲနိုင်မယ်လို့ ယုံကြည်မိပါတယ်''ဟု အသင်းဝက်ဘ်ဆိုက်သို့ပြောကြားသွားခဲ့သည်။ ရခိုင်ယူနိုက်တက်အက်ဖ်စီသည် လာမည့်တပါတ် ဇွဲကပင်ယူနိုက်တက်အက်ဖ်စီနှင့် ပွဲစဉ်မှ စပြီးOrona အမှတ်တံဆိပ်ပါဂျာစီဖြင့်ယှဉ်ပြိုင်ကစားမည်ဖြစ်ကာယခုတပါတ်ပွဲစဉ်(၅)အဖြစ် လာမည့်စနေနေ့ ညနေ ၃နာရီခွဲ တွင် ပုသိမ်မြို့ကျောက်တိုင်ကွင်း၌ ဧရာဝတီယူနိုက်တက်အက်ဖ်စီနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ‪#‎RUFC‬

Posted Date 07 Feb
Posted By admin
Presentation1

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၅) ဧရာဝတီယူနိုက်တက်အက်ဖ်စီ နှင့် ရခိုင်ယူနိုက်တက်အက်ဖ်စီ ပွဲကြိုအချက်အလက်များ

- ယခုပွဲစဉ်မတိုင်မှီ နှစ်ဖက်အသင်းကစားသမားများနှင့်တာဝန်ရှိသူများသည် မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းဦးဘပုကွယ်လွန်ခြင်းအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် တစ်မိနစ်ငြိမ်သက်ခြင်းဖြင့် ဂါရ၀ပြုကြမည်ဖြစ်သည်။ - ရခိုင်ယူနိုက်တက်အက်ဖ်စီသည် အကျီင်္ အဖြူ၊ ဘောင်းဘီ အဖြူနှင့် ခြေအိတ်အဖြူတို့ကိုဝတ်ဆင်ယှဉ်ပြိုင်မည်ဖြစ်သည်။ - ယခုပွဲစဉ်ကို ညနေ(၃:၃၀) နာရီတွင် ကစားမည်ဖြစ်ကာ ရခိုင်ယူနိုက်တက်အ က်ဖ်စီအတွက် အဝေးကွင်း(၃)ပွဲဆက် ကစားရခြင်းလည်းဖြစ်သည်။ - ယခုပွဲစဉ် တိုက်ရိုက်ဂိုးရလဒ်များ မိနစ်အလိုက်တင်ဆက်မှုကို ရခိုင်ယူနိုက်တက်အက်ဖ်စီ၏ ဖေ့ဘုတ်စာမျက်နှာမှ အချိန် နှင့်တပြေးညီတင်ဆက်ပေးသွားမည်ဖြစ်သည်။ ‪#‎RUFC‬

Posted Date 07 Feb
Posted Byွှadmin
10906507 372897229549611 8019045393156160212 n

ကွင်းလယ်ကစားသမားဒေးဗစ်အားITCအခက်အခဲကြောင့်စာချုပ်ဖျက်သိမ်း

ရခိုင်ယူနိုက်တက်အသင်းသည်ယခုနှစ်ဘောလုံးရာသီအတွက်ခေါ်ယူခဲ့သောနိုက်ဂျီးရီးယားကွင်းလယ်လူဒေးဗစ်အား ITCအခက်အခဲကြောင့် မြန်မာနေရှင်နယ် လိဂ်မှတ်ပုံတင်ထားရှိမှုအားပယ်ဖျက်ခဲ့ပြီးစာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်သည်။. အဆိုပါကစားသမားသည် နိုက်ဂျီးရီးယားရှိ အကယ်ဒမီထွက်ကစားသမားတစ်ဦး ဖြစ်ကာ နောက်ဆုံးအချိန်အထိအသင်းဘက်မှ ITCရရှိရန်ကြိုးစားခဲ့သော်လည်း ခွင့်ပြုကာလကျော်လွန်ခဲ့သောကြောင့် စာချုပ်ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ယူနိုက်တက်အသင်းစီအီးအိုဦးရဲနိုင်ဦးက ''ကျွန်တော်တို့ဒီရာသီမှာ နိုင်ငံခြားသားကစားသမား(၃)ဦးခေါ်ယူဖို့ ခြေစွမ်း စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီးမှခေါ်ယူစာချုပ်ချုပ်ခဲ့တာပါ။ ဒါပေမယ့် ကွင်းလယ်လူ ဒေးဗစ်ကတော့ ခြေစွမ်းပိုင်းကောင်းမွန်ပေမယ့် အကယ်ဒမီကစားသမားဖြစ်တဲ့ အတွက် ITCရရှိဖို့ ကြန့်ကြာနေခဲ့ပြီး အသင်းဘက်ကရောမြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကပါ ကူညီဆောင်ရွက်ပေးခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့အတွက် စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ လာမယ့်အပြောင်းအရွှေ့ဖွင့်ချိန်မှပဲ ပြန်လည် ခေါ်ယူဖို့လုပ်မှာပါ''ဟု အသင်းဝက်ဘ်ဆိုက်သို့ပြောကြားသွားခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည်နိုင်ငံခြားသားကစားသမားနစ်ဦးဖြစ်သူနောက်တန်းကစားသမားဘားနက်နှင့်တိုက်စစ်မှူးဂျော်ဒန်တို့ကိုသာပြည်တွင်းကစားသမားများဖြင့်စုဖွဲ့ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီးလာမည့်တနင်္ဂနွေနေ့တွင်မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၂)အဖြစ် မကွေးအက်ဖ်စီနှင့် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။

Posted Date 05 Feb
Posted By ThetHtooNaingOo
Notavalable

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၂) ရခိုင်ယူနိုက်တက်အက်ဖ်စီ နှင့် မကွေးအက်ဖ်စီ ပွဲကြိုအချက်အလက်များ

- ရခိုင်ယူနိုက်တက်အက်ဖ်စီသည်အင်္ကျီအဖြူ ဘောင်းဘီအဖြူ ခြေအိတ်အဖြူတို့ကိုဝတ်ဆင်ယှဉ်ပြိုင်မည်။ - နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သောပွဲစဉ်များတွင် မကွေးအက်ဖ်စီကရတနာပုံအက်ဖ်စီနှင့်အဝေးကွင်းတွင်သရေကျခဲ့ကာရခိုင်ယူနိုက်တက်အက်ဖ်စီမှာရန်ကုန်ယူနိုက်တက်အက်ဖ်စီအားဂိုးပြတ်ရှုံးနိမ့်ထားခဲ့သည်။ - ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းအရ ရခိုင်ယူနိက်တက်အက်ဖ်စီသည်မကွေးအက်ဖ်စီအား၂၀၁၃မြန်မာနေရှင်နယ်လိဂ်တွင်၂-၁ဂိုးရလဒ်ဖြင့်ရှုံးနိမ့်ထားခဲ့ပြီးယခုရာသီအကြိုခြေစမ်းပွဲတွင်မူ၂ပွဲကစား၁ပွဲရှုံး၁ပွဲသရေကျခဲ့သည်။ - ရခိုင်ယူနိုက်တက်အက်ဖ်စီမှ တောင်ပံကစားသမားနိုင်နိုင်ကျော်မှာရန်ကုန်နှင့်ပွဲတွင်ရရှိခဲ့သည့်ဒဏ်ရာကြောင့်ယခုပွဲကိုဝင်ရောက်ကစားနိုင်ရန်သေချာမှုမရှိသေးပေ။ - ပွဲမတိုင်မှီ ရခိုင်ပရိသတ်ကြီးအတွက်အသင်းဂျာစီများ ဖန်ဂျာစီများနှင့် အမှတ်တရပစ္စည်းများကိုရောင်းချပေးသွားမည်ဖြစ်သည်။

Posted Date 05 Feb
Posted By ThetHtooNaingOo
Sponsor
Uab
Sponsor4
Sponsor2
Uab
Sponsor22