News


15327512 646797748826223 8839194172219240636 n

နောက်ခံလူ အောင်ကျော်ဦး အား သက်တမ်းတိုး စာချုပ် ချုပ်ဆို


၂၀၁၇ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်မှု

များပြုလုပ်လျက်ရှိသောရခိုင်ယူနိုက်တက်ဘောလုံးအသင်းသည်နောက်ခံကစား

သမားဖြစ်သူအောင်ကျော်ဦးအားတစ်ရာသီထပ်မံသက်တမ်းတိုးစာချုပ်ချုပ်ဆိုပြီး

စီးခဲ့ပြီဖြစ်ပါသည်။


ပြီးခဲ့သည့်ရာသီတွင် GFA အသင်းမှ ပြောင်းရွှေ့ လာခဲ့ပြီး

အသင်းအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲကစားပေးခဲ့ သော အောင်ကျော်

ဦးသည်ယခုရာသီမစမှီဘောလုံးသမားဘဝမှအနားယူရန်ဆုံးဖြတ်ခဲ့သော်လည်း

အသင်းဘက်မှကမ်းလှမ်းမှုကြောင့်ဆုံးဖြတ်ချက်ပြောင်းလဲပြင်ဆင်ကာ

တစ်ရာသီ ထပ်မံကစားသွားမည်ဖြစ်သည်။


ထိုသို့စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ နောက်ခံလူအောင်ကျော်ဦးက

'' အစက ဘောလုံးလောကကနေအနားယူဖို့ဆုံးဖြတ်ခဲ့ပြီးမိသားစုနဲ

့ပဲအခြေချတော့မလို့ပါ။ဒါပေမယ့် အသင်းဘက် ကနေ ကမ်းလှမ်း

လာတော့ မငြင်းဆန်နိုင်ခဲ့ပါဘူး။ ဒီနှစ် အသင်းအနေနဲ့

အိမ်ကွင်း လည်းလက်ခံကစားမှာမို့ရခိုင်ယူနိုက်တက်ပရိသတ်တွေအတွက်ြ

ပီးခဲ့တဲ့နှစ်တွေကထက် ပိုပျော်ရွှင်ရအောင် ရလဒ်တွေကောင်းအောင်

အစွမ်းကုန်ကြိုးစားသွားမှာပါ '' ဟု ပြောကြားခဲ့သည်။


ရခိုင်ယူနိုက်တက်အသင်းသည် မကြာမီရက်ပိုင်းအတွင်း ပြည်တွင်း ပြည်ပကစားသမား

သစ်များထပ်မံ ခေါ်ယူစာချုပ်ချုပ်ဆိုရန်စီစဉ်လျက်ရှိပြီး ၂၀၁၇ ရာသီ သစ်တွက်ရလဒ်ကောင်းများ

ရယူနိုင်ရန်အတွက်လည်းလေ့ကျင့်ပြင်ဆင်နေလျက်ရှိသည်။

#Contractextension #RedsArakanWarriors #Defender #AKO #RakhineUtd

Posted Date 08 Dec
Posted By
15232287 645362978969700 8297267795977460367 n

President's Donation:


ရခိုင်ယူနိုက်တက်ဘောလုံးအသင်းပိုင်ရှင်ဦးဇော်မင်းသိန်းသည်ယနေ့ညနေ

ပိုင်းကရခိုင်ပြည်နယ်စစ်တွေမြို့ရှိဘိုးဘွားရိပ်သာသို့သွားရောက်၍အလှူငွေများပေး

အပ်ခဲ့ပြီးလစဉ်ရိပ်သာရံပုံငွေလှူဒါန်းသွားရန်လည်းစာရင်းပေးသွင်းလှူဒါန်းမှုပြု

လုပ်ခဲ့ပါသည်။

#Donation #PresidentofRUFC #RakhineState

Posted Date 08 Dec
Posted By
Dsc 7641

Good Luck Ndongo!


ရခိုင်ယူနိုက်တက်အသင်းသည်အသင်းနှင့်လုပ်ငန်းသဘောတူစာချုပ်သက်တမ်းကုန်ဆုံး

သွားပြီဖြစ်သောကင်မရွန်းနောက်ခံလူဒွန်ဂိုအားအသင်းမှထွက်ခွာ

ခွင့်ပြုလိုက်ပြီဖြစ်ပါသည်။


အဆိုပါကစားသမားအနေဖြင့်အနာဂါတ်တွင်အောင်မြင်မှုများရရှိပါစေကြောင်း

ရခိုင်ယူနိုက်တက် အသင်းမှတောင်းဆုပြုအပ်ပါသည်။


We can confirm that Ndongo Serge Philippe has leaved the club after

his contract. Wishing Cameroonian Defender all the best at the future.

#RakhineUtd

Posted Date 08 Dec
Posted By
15241936 644493249056673 1902147894567822185 n

Press Release:

The thoughts of everyone at Rakhine United Football Club are with Brazilian football team Associação Chapecoense de Futebol and all those affected by the tragedy in Colombia. #ForçaChapecoense

Posted Date 08 Dec
Posted By
15178291 641781172661214 6947811156945291255 n

ရခိုင်ယူနိုက်တက်လူငယ်ကစားသမားရွေးချယ်ပွဲမှ မျိုးဆက်သစ်ကစားသမား(၁၃)ဦးရွေးချယ်ခဲ့ပြီးဖြစ်


ရခိုင်ပြည်နယ်စစ်တွေမြို့ဓညဝတီကွင်း၌နိုဝင်ဘာလ(၂၃)ရက်နေ့မှ

(၂၅)ရက်နေ့အထိကျင်းပပြုလုပ်သောလူရွေးချယ်ပွဲတွင်ရခိုင်ပြည်န

ယ်တစ်ဝှမ်းမှလူငယ်ကစားသမား (၁၀၀)ကျော်ခန့် လာရောက်အရွေးချယ်ခံခဲ့ကြပြီး

ရခိုင်ယူနိုက်တက်နည်းပြအဖွဲ့မှလူငယ်ကစားသမား(၁၅)ဦးရွေးချယ်ခဲ့သည်။


သို့သော်လည်းလူငယ်နှစ်ဦးမှာ လိုအပ်သော စာရွက်စာတမ်းအထောက်အ

ထားများကလာရောက်ပေးအပ်ခြင်း မရှိသောကြောင့်ကျန် (၁၃)ဦး

သာ ရွေးချယ် သွားမည်ဖြစ်ပါသည်။


ရွေးချယ်ခံခဲ့ရသောအဆိုပါလူငယ်ကစားသမား(၁၃)ဦးမှာ -


(၁) မောင်ထွန်းငြိမ်းကျော်

ဝါဘိုကျေးရွာ| စစ်တွေမြို့


(၂) မောင်အောင်နိင်လင်း

ဆင်ကြီးပြင်ကျေးရွာ| မင်းပြားမြို့နယ်


(၃) ကျော်ဇောခိုင်

ရွှေပြားရပ်ကွက်| စစ်တွေမြို့


(၄) မောင်တင်စိုး

ရွှေပြားရပ်ကွက်| စစ်တွေမြို့


(၅) မောင်မျိုးမင်းဦး

အရှေ့မြောက်ရပ်ကွက်| ရသေ့တောင်မြို့နယ်


(၆) မောင်မင်းသိန်းထွန်း

ရဲနွယ်စုရပ်ကွက်| စစ်တွေမြို့


(၇) မောင်ခိုင်ဝင်းကို

သပြေကုန်းရပ်ကွက်| ဘူးသီးတောင်မြို့နယ်


(၈) မောင်ညီသန်းနိုင်

ကုန်တန်းရပ်ကွက်| စစ်တွေမြို့


(၉) မောင်အောင်ဇော်လင်း

ဝါဘိုကျေးရွာ|စစ်တွေမြို့


(၁၀) မောင်ရန်မျိုးနိုင်

အောင်တိုင်ကျေးရွာ| စစ်တွေမြို့


(၁၁) မောင်သိန်းသန်းအောင်

ကံ့ကော်မြိုင်ကျေးရွာ| မင်းပြားမြို့နယ်


(၁၂) မောင်မြတ်ထွန်း

မြို့သစ်ရပ်ကွက်| ဘူးသီးတောင်မြို့နယ်


(၁၃) မောင်အောင်စောဌေး

လမ်းမတော်(တောင်)ရပ်ကွက်| စစ်တွေမြို့


တို့ဖြစ်ကြသည်။


အထက်ပါလူငယ်ကစားသမားများကို MNL လူငယ်ပြိုင်ပွဲ မစတင်မှီရန်ကုန်မြို့သို့

အသင်းနှင့် ရောက်ပူးပေါင်းရန်ခေါ်ယူသွားမည်ဖြစ်ပြီးလစာခံ

စားခွင့်|စားစရိတ်နှင့်ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း

အသင်း၏သတ်မှတ်ချက်အရ ပေးအပ်သွား မည်ဖြစ် ပါသည်။


ရခိုင်ယူနိုက်တက်ဘောလုံးအသင်းသည်ကိုယ်စားပြုရာရခိုင်ပြည်နယ်ရှိမျိုးဆက်သ

စ်လူငယ်များပေါ်ထွက်လာစေရန်နှင့် လူရွေးပွဲများ| ဖိတ်ခေါ်ဘောလုံးပြို

င်ပွဲများကိုအခါအားလျော်စွာငွေကြေးအကုန်ကျခံပံ့ပိုးကာကျင်းပ

ပေးလျက်ရှိပြီး လာမည့် MNL ရာသီသစ်တွင် ရခိုင်ပြည် နယ်ရှိ ရခိုင်ပရိသတ်များ

တခဲနက် အားပေး ကြည့်ရှု နိင်ရန်အတွက်လည်းအိမ်ကွင်းလက်ခံကျင်းပနိုင်ရန်

ဝေသာလီကွင်းအားပြင်ဆင်မွမ်းမံလျက်ရှိသည်။

#Collection #Event #Annoucement #Squad #Youthgeneration #Rakhinestate #RUFC

Posted Date 08 Dec
Posted By
Sponsor
Sponsor22
Sponsor4
Sponsor2
Sponsor
Sponsor22