News


Img 3840

CONTRACT EXTENSION:

We are delighted to announce that Min Ko Ko has signed a new contract with the Club, which will run untill 2018. #RUFC

Posted Date 11 Dec
Posted By
Img 0014

ရခိုင်ယူနိုက်တက်အသင်းသံတွဲမြို့တွင်လူငယ် ကစားသမားရွေးချယ်ပွဲထပ်မံကျင်းပပြုလုပ်မည်


ရခိုင်ပြည်နယ်ကိုယ်စားပြုရခိုင်ယူနိုက်တက်ဘောလုံးအသင်းသည်

မျိုးဆက်သစ်လူငယ်ကစားသမားများထွက်ပေါ်လာစေ၇န်ရည်ရွယ်

ပြီးလူရွေးချယ်ပွဲကိုထပ်မံကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဘောလုံးအားကစားကိုဝါသနာပါသူ အသက်၂၀နှစ်အောက်မည်သူမဆို

ဝင်ရောက်အရွေးချယ်ခံ နိင်ပြီးမှတ်ပုံတင်မူရင်းနင့်အိမ်ထောင်စုစာ၇င်း(မိတ္တူ)

တို့ကိုယူဆောင်လာရန်လိုအပ် ပါသည်။ ရခိုင်ယူနိုက်တက်အသင်းသည်

ရခိုင်ပြည်နယ်(တောင်ပိုင်း)ရှိ မျိုးဆက်သစ် လူငယ်များပေါ်ထွက်လာရေး

အတွက်လူရွေးပွဲကိုထပ်မံကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါ လူရွေးပွဲကို သံတွဲမြို့

ငပလီအထကကျောင်းကွင်းတွင် ဒီဇင်ဘာလ(၁၄)ရက်နေ့

နံနက်ပိုင်းမှစတင်ပြီး ဒီဇင်ဘာလ(၁၇)ရက်နေ့အထိ တစ်နေ့နှစ်ကြိမ်ကျင်းပပြုလုပ်

ကာ ရွေးချယ်သွားမည်ဖြစ်သည်။

Posted Date 11 Dec
Posted By
Img 3770

ရာသီကြို စတုတ္ထမြောက်ခြေစမ်းပွဲတွင် မကွေးအသင်းအား၂-၁ဂိုးဖြင့်ရခိုင်ယူနိုက်တက်အနိုင်ရရှိခဲ့


၂၀၁၇ MNL ပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်နေလျက်ရှိ သည့်ရခိုင်ယူနိုက်တက်

အသင်းသည်ယနေ့နံနက်ပိုင်းကကျိုက္ကဆံလေ့ကျင့်ရေးကွင်းတွင်

မကွေးအသင်း နှင့်ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ရာနှစ်ဂိုးတစ်ဂိုးရလဒ်ဖြင့်

ယခုရာသီပထမဆုံးနိုင်ပွဲရရှိခဲ့သည်။


ရခိုင်ယူနိုက်တက်အသင်းသည်ပထမပိုင်းတွင်ခြေစွမ်းစမ်းသပ်နေ

သည့်နိုက်ဂျီးရီးယားတိုက်စစ်မှူးတစ်ဦးနှင့်တိုဂိုနောက်ခံလူတစ်ဦးကိုထည့်သွင်း

အသုံးပြုကာဒွေးကိုကိုချစ်၊မင်းကိုကို၊စောသက်ကျော်ဦး၊ဇော်ဇော်နိုင်အ

စရှိသည့် ပြည်တွင်းကစားသမားများဖြင့်ပွဲထွက်ကစားခဲ့သည်။


မကွေးအသင်းကလည်းအသစ်ခေါ်ယူထားသည့်နောက်ခံလူကျော်စွာလင်း

အပါအ၀င်ဆယ်လာ ၊ ထူးထူးအောင်၊ ရဲဖြိုးအောင်၊နိုင်နိုင်ကျော်တို့ဖြင့်ရင်ဆိုင်လာခဲ့သည်။

နှစ်သင်းစလုံးတဖက်နှင့်တဖက်အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြပြီး ရခိုင်အသင်း

ကကစားသမားဟောင်းမြင့်နိုင်သွင်းယူသောဂိုးဖြင့်ဦးဆောင်နိုင်

ခဲ့သော်လည်း မကွေးအသင်းသို့ပြောင်းရွှေ့သွားခဲ့သည်နောက်ခံ

လူကျော်စွာလင်းကချေပဂိုးကိုပိတ်သွင်းယူပေးခဲ့ကာပထမပိုင်းအပြီး

တစ်ဖက်တစ်ဂိုးစီသရေကျနေခဲ့သည်။


ထို့နောက်ဒုတိယပိုင်းတွင်နှစ်သင်းစလုံးကစားသမားသစ်များထည့်သွင်းကာ

စမ်းသပ်အသုံးပြုခဲ့ကြပြီး ရခိုင်ယူနိုက်တက်မှကောင်းမြတ်ကျော်၊အောင်ကျော်ဦး၊

ဝေယံနိုင်စသည့်အစုအဖွဲ့နင့် ကင်မ၇ွန်းတိုက်စစ်မှူးတစ်ဦးကိုထပ်မံပေါင်းစပ်ကာ

ဆက်လက်ယှဉ်ပြိုင်ခဲ့သည်။


ဒုတိယပိုင်းတွင်မကွေးအသင်းမှရခိုင်ယူနိုက်တက်ဘက်သို့အများဆုံးထိုးဖောက်ခဲ့

သော်လည်းရခိုင်ဘက်မှတန်ပြန်တိုက်စစ်ဆင်မှုကလည်းမကွေးနောက်တန်းကို

အလုပ်ရှုပ်စေခဲ့ပြီးအနိုင်ဂိုးကို ဘယ်တောင်ပံမှထိုးဖောက်ဆွဲပြေးပြီးလူငယ်တို

က်စစ်မှူးဝေယံနိုင်ကပြေးဝင်ပိတ်သွင်းကာရယူပေးခဲ့သည်။


ယခုခြေစမ်းပွဲသည်ရခိုင်ယူနိုက်တက်အသင်းအတွက်၂၀၁၇ရာသီမတိုင်မှီ၎ပွဲ

မြောက်ရာသီကြိုခြေစမ်းပွဲဖြစ်ပြီးပထမဆုံးနိုင်ပွဲလည်းဖြစ်သည်။

ရခိုင်ယူနိုက်တက်အသင်းသည်လာမည့်ရာသီအတွက်နိုင်ငံခြားသား နှင့်ပြည်တွင်း

ကစားသမားများကိုစမ်းသပ်ေ၇ွးချယ်လျက်၇ှိပြီးမကြာမီရက်ပိုင်းအတွင်း

ခေါ်ယူစာချုပ်ချုပ်ဆိုသွားမည်ဖြစ်သည်။

Posted Date 10 Dec
Posted By
15391134 648008552038476 4488739503024617179 n

ရခိုင်လူငယ်ကစားသမား သန်းကျော်ဌေးမြန်မာယူ-၁၈ အသင်းတွင်ရွေးချယ်ခံရ


ရခိုင်ယူနိက်တက်ယူ-၂၀လူငယ်အသင်းတိုက်စစ်မှူးဖြစ်သူ သန်းကျော်ဌေးသည်

လာမည့် အာဆီယံယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲနှင့်နိုင်ငံတကာပြိုင်ပွဲများဝင်ရောက်ယှဉ်

ပြိုင်ရန်လေ့ကျင့်ပြင်ဆင်လျက်ရှိသောမြန်မာယူ-၁၈အသင်းတွင်ရွေးချယ်ခံရပြီး

အဆိုပါအသင်းနှင့်အတူပူးတွဲလေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်။


ရခိုင်ပြည်နယ်စစ်တွေမြို့ဇာတိလူငယ်ကစားသမားဖြစ်သူ သန်းကျော်ဌေး

သည်ပြီးခဲ့သည့် ၂၀၁၆ ရာသီ MNL လူငယ်ပြိုင်ပွဲဒုတိယအကျော့မှစတင်ကာ

ရခိုင်ယူ-၂၀အသင်းတွင်ပါဝင်ကစားခဲ့ပြီးယခုကဲ့သို့ရွေးချယ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။


မြန်မာယူ-၁၈အသင်းသည်မနက်ဖြန်(ဒီဇင်ဘာလ ၈)ရက်နေ့တွင်တရုတ်နိုင်ငံသို့လေ့ကျ

င့်ခြေစမ်းခရီးစဉ်ထွက်ခွာမည်ဖြစ်ပြီးရခိုင်ယူနိုက်တက်လူငယ်ကစား

သမားသန်းကျော်ဌေးမှာလည်းအဆိုပါခရီးစဉ်သွားရောက်မည့်လူစာရင်း

တွင်ပါဝင်ခဲ့ကာမြန်မာယူ-၁၈အသင်းမှာနိုင်ငံတကာပြိုင်ပွဲအကြိုတရုတ်ကလပ်

အသင်းများနှင့်သွားရောက်ခြေစမ်းပွဲများကစားသွားမည်ဖြစ်သည်။

#RUFCYouth #U18Nationalteamcalledup #AFFU18 #Chinatrip #JointTraining

Posted Date 08 Dec
Posted By
Img 6480

နည်းပြချုပ်ဦးဝင်းတင်အားလူငယ်အသင်းနည်းပြချုပ် အဖြစ်ပြောင်းလဲတာဝန်ပေးခန့်အပ်


ရခိုင်ယူနိုက်တက်ဘောလုံးအသင်းသည်နည်းပြချုပ်ဦးဝင်းတင်အား၂၀၁၇ အသက်

၂၁နှစ်အောက် မြန်မာနေရှင်နယ်လိဂ်လူငယ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်

ရခိုင်ယူနိုက်တက်ယူ-၂၁လူငယ်အသင်းနည်းပြချုပ် အဖြစ်ပြောင်းလဲတာဝန်ပေး

ခန့်အပ်လိုက်ပြီဖြစ်ပါသည်။


ဇန်နဝါရီလ (၂၉)ရက်နေ့တွင်စတင်ကျင်းပပြုလုပ်မည့် MNL U-21 လူငယ်ပြိုင်ပွဲတွင်

ရခိုင်ယူနိုက်တက်ယူ ၂၁လူငယ်အသင်းသည်နည်ြး ပချုပ်ဦးဝင်းတင်၏ဦးဆောင်လ

မ်းညွှန်မှုဖြင့်အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဖြစ်ပြီးမကြာမီကကျင်းပပြီး

စီးခဲ့သော ရခိုင်ပြည်နယ် စစ်တွေမြို့ ကစားသမားရွေးချယ်ပွဲမှ ထူးချွန်လူငယ်

ကစားသမား များကိုလည်း လူငယ်အသင်းအတွက်ခေါ်ယူလေ့ကျင့်

သွားမည်ဖြစ်ပါသည်။


MNL U-21 လူငယ်ပြိုင်ပွဲတွင်ရခိုင်ယူ-၂၁လူငယ်အသင်းအတွက်နည်းပြချုပ်အဖြစ်ပြောင်း

လဲတာဝန်ပေးအပ်ခြင်းခံခဲ့ရခြင်းနှင့်ပတ်သက်ပြီးနည်းပြချုပ်ဦးဝင်းတင်က


''လာမယ့်ယူ-၂၁လူငယ်အသင်းကိုဦးဆောင်ပေးနိုင် ဖို့နဲ့ လူငယ်ပြိုင်ပွဲ ကို

အဆင့်တစ်ခုရနိုင်ဖို့ အသင်းပိုင်ရှင် ကိုယ်တိုင်ယုံယုံကြည်ကြည်တာဝန်ပေးခဲ့တဲ

့အတွက်လက်ခံခဲ့တာပါ။လူငယ်တွေကို အကောင်းဆုံးပြုစုပျိုး ထောင်ပေး

နိုင်ဖို့ကြိုးစားသွားမှာဖြစ်သလို သူတို့ဟာ နောင်အနာဂါတ်မျိုးဆက်သစ်တွေဖြစ်တာကြော

င့်အသင်းကြီးအတွက်အားထားရတဲ့ကစားသမားတွေဖြစ်လာအောင်လည်း

လူငယ်အသင်းကို ဖွဲ့စည်း တည်ဆောက်ပေးသွားပါမယ်'' ဟု ရှင်းလင်း

ပြောကြား သွားခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းသည် MNL လူငယ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ယူနိုက်တက်ယူ-၁၉

အသင်းကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ပြီးအဆိုပါအသင်းအတွက်

လူရွေးပွဲကိုမကြာမီကျင်းပပြုလုပ်သွားရန်စီစဉ်လျက်ရှိသည်။


#OfficialAnnouncement #Appointed #U21HeadCoach #MNLU21LEAGUE #RakhineUtd #Today

Posted Date 08 Dec
Posted By
Sponsor
Uab
Sponsor4
Sponsor2
Uab
Sponsor22