Ooredoo MNL I (week 8) ပွဲစဉ်တစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၈ ရက်က ရခိုင်ယူနိုက်တက်အ

သင်းနဲ့ ဧရာဝတီအသင်း တို့ အောင်ဆန်းကွင်းမှာ ကစားခဲ့ကြပါတယ်။

ဒီပွဲစဉ်မှာတော့ နှစ်သင်းစလုံးက ဂိုးသွင်းခွင့် အခွင့်အရေးတွေ ရခဲ့ပေမယ့်

လဲ အဆုံးသတ် ပိုင်း မသေချာမှုတွေကြောင့်ပဲ ဂိုးမရှိ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။


ခုနစ်မိနစ်အတွင်း ထောင့်ကန်ဘော လေးကြိမ် ရခဲ့တဲ့ ရခိုင်ယူနိုက်တက်


ရခိုင်ယူနိုက်တက်အသင်းက ပွဲစတာနဲ့ ဧရာဝတီအသင်းဘက်ကို ဂိုးရဖို့ ဖိကစားခဲ့ပါ

တယ်။ ပထမပိုင်း ခုနစ်မိနစ်ဝန်းကျင်မှာပဲ ရခိုင် ယူနိုက်တက်အသင်းရဲ့ ထောင့်ကန်ေ

ဘာ ရရှိတဲ့ အကြိမ်အရေအတွက်က လေးကြိမ်ထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဂိုး အဖြစ်ေ

တာ့ ပြောင်း လဲ နိုင်ခဲ့ခြင်း မရှိပါဘူး။ နှစ်သင်းစလုံးက ဘောလုံးရတာနဲ့

တစ်သင်းလုံး တက်ပြီး တိုက်စစ်ဆင်တဲ့ပုံစံမျိုး ပြုလုပ်ခဲ့ပါတယ်။


ရခိုင်အသင်း ဂိုးပေါက် ခြိမ်းခြောက်နိုင်တဲ့ ဧရာဝတီတိုက်စစ်မှူး ခရစ္စတိုဖာ


ပွဲချိန် ၅ မိနစ် ၀န်းကျင်မှာ ဧရာဝတီအသင်း တိုက်စစ်မှူး ခရစ္စတိုဖာ ပင်နယ်တီဧရိယာ

အစပ်ကနေ အမှတ်မထင် လှမ်းကန်တာကို ရခိုင် အသင်း ဂိုးသမား ပုတ်ထုတ်ကာကွယ်ခဲ့ရ

သလို ၁၃ မိနစ်မှာလဲ တောင်ပံကနေ စန်းမျိုးဦး ဖြတ်တင်ပေးတာကို ခရစ္စတိုဖာပဲ

အပိုင်ခေါင်း တိုက်ပေမယ့် ဂိုးတိုင်ဘေး ကပ်ထွက်ခဲ့ပါတယ်။

ခရစ္စတိုဖာ ဘောလုံးဆွဲလာပြီးဆိုရင် ရခိုင်ယူနိုက်တက်အသင်း နောက်ခံလူေ

တွ အဆင့်ဆင့် ဖျက်ထုတ်ကာကွယ်ခဲ့ရပါတယ်။


ဂိုးရဖို့ နီးစပ်တဲ့အဆင့်နဲ့တင် ပြီးခဲ့တဲ့ ပထမပိုင်း


ပထမပိုင်းမှာ ဧရာဝတီအသင်းက တိုက်စစ်မှူး ခရစ္စတိုဖာ၊ အောင်ေ

ကျာ်နိုင်တို့ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့်လဲ ဂိုးဝင်ဖို့ နီးစပ်တဲ့

အဆင့်နဲ့ပဲ ကျေနပ်ခဲ့ ရပါတယ်။ အလားတူပဲ ရခိုင်ယူနိုက်တက်အသင်းကလည်း

တောင်ပံကစားသမား ညီညီမင်းရဲ့ ဂိုးရှေ့ဖြတ် တင်ဘောတွေ က ဂိုးရဖို့

နီးစပ်ခဲ့ပါတယ်။ နှစ်သင်းစလုံးက ပထမပိုင်းမှာ ဂိုးရဖို့ နီးစပ်တဲ့ အခွင့်အေ

ရးတွေ ရခဲ့ပေမယ့်လည်း နီးစပ်တဲ့ အဆင့်မှာပဲ ရှိခဲ့ပြီး ဂိုးအဖြစ် ဖန်တီးနိုင်

ခဲ့ခြင်း မရှိခဲ့ကြပါဘူး။


ဒုတိယပိုင်းမှာ ခြေပိုကောင်းလာတဲ့ ဧရာဝတီ


ပထမပိုင်းမှာ ပုံစံကောင်း မရခဲ့တဲ့ ဧရာဝတီအသင်းဟာ

ဒုတိယပိုင်းမှာတော့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ရခိုင်အသင်းကို ဖိကစားနို

င်ခဲ့ပါ တယ်။ အလားတူပဲ ဒုတိယပိုင်းပြီးခါနီး မိနစ်တွေမှာလည်း ဂိုးရဖို့

နီးစပ်တဲ့အခြေအနေကောင်းတွေ ရှိခဲ့ပေမယ့်လဲ ဂိုးအဖြစ် မပြောင်း လဲ

နိုင်ခဲ့ပါဘူး။


ရခိုင်ယူနိုက်တက် ၀-၀ ဧရာဝတီယူနိုက်တက်


ဒီနှစ်သင်းစလုံးရဲ့ အဆုံးသတ် ဂိုးသွင်းမသေချာမှုတွေကြောင့်ပဲ ပွဲအပြီး

မှာတော့ ဂိုးမရှိ သရေ ရလဒ်နဲ့ပွဲ ပြီးဆုံးခဲ့ပါတယ်။ ဧရာဝတီ ယူနိုက်တက်အသင်းက

လာမယ့်တစ်ပတ်မှာ ဆောက်သမ်းအသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ရခိုင်

ယူနိုက်တက်အသင်းကတော့ လာမယ့်တစ်ပတ်မှာ ချင်းယူနိုက်တက်အသင်းနဲ့ က

စားရမှာဖြစ်ပါတယ်။