ရာသီအစပိုင်းက ခြေစွမ်းကျဆင်းကာ ရလဒ်ဆိုးနေခဲ့သည့် ရန်ကုန်ယူနိုက်တက်

အသင်းသည် ယနေ့ ဖေဖော်ဝါရီ ၂၀ ညနေပိုင်းက YUSC ကွင်းတွင် ကစားခဲ့

သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်၌ ခြေစွမ်းမာကျောသည့် ရခိုင်ယူနိုက်တက်ကို (၃-၁)

ဂိုးဖြင့် အနိုင်ကစားကာ တတိယမြောက် နိုင်ပွဲ ရယူနိုင်ခဲ့သည်။


ယခုပွဲတွင် ရန်ကုန် အသင်းအနေဖြင့် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ရခိုင် အသင်း

ကလည်း တန်ပြန်တိုက်စစ် များမှတစ်ဆင့် ရန်ကုန်ကို ပြန်လည် ဖိအားပေး နိုင်ခဲ့သည်။

ရန်ကုန်တွင် လူငယ် ခံစစ်အတွဲ ဖြစ်သည့် သီဟထက်အောင်နှင့် သိန်းဇော်တို့

ခြေစွမ်းပြ ခဲ့ပြီး ရခိုင် ယူနိုက်တက် တွင်လည်း လူငယ် ဂိုးသမား ချမ်းငြိမ်းေ

ကျာ် လက်စွမ်းပြ ခဲ့သည်။


ရန်ကုန် ဦးဆောင်သည့် ပထမပိုင်း


နှစ်သင်း စလုံး ပွဲချိန် အတွင်း အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြသည့်

အတွက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး အပြန်အလှန် ဂိုးသွင်းခွင့် များလည်း

ရရှိခဲ့ကြသည်။ သို့သော် ဂိုးသွင်းခွင့်များကို အသုံးချရာတွင်မူ ရန်ကုန်က

အသာရခဲ့ပြီး ပထမပိုင်း ပွဲချိန်အတွင်း ဦးဆောင်ဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့သည်။

ရန်ကုန် အတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၆ မိနစ်တွင် ကျော်ကိုကို ဖန်တီးပေးရာမှ အက်ဒီ

လ်ဆင်က ဂိုးသမား၏ ဘယ်ထောင့်ကို ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၃၆ မိနစ်တွင်

ရန်ကုန်အသင်း ဒုတိယဂိုး ရရှိခဲ့ပြီး ထောင့်ကန်ဘောမှ တစ်ဆင့် ကြည်လင်းကေ

ခါင်းတိုက် သွင်းယူပေးခဲ့သည်။ ထိုဂိုးမတိုင်မီတွင် ရန်ကုန်အသင်း ဂိုးရရန် နီးစပ်ခဲ့သေး

ပြီး ချမ်းငြိမ်းကျော် အစွမ်းပြ ပုတ်ထုတ်ခဲ့သည်။ ပထမပိုင်း နောက်ဆုံး မိနစ်တွင်

ရခိုင်ယူနိုက်တက် အနေဖြင့် တစ်ဂိုးသွင်းယူ နိုင်ခဲ့သော်လည်း စည်းကျပ်ဒိုင်က လြူ

ကွံဘော သတ်မှတ် ခဲ့သောကြောင့် ရခိုင်တို့ နစ်နာ ခဲ့ရသည်။


ပွဲကြမ်းခဲ့သည့် ဒုတိယပိုင်း


ဒုတိယပိုင်းတွင်မူ ရခိုင်အသင်း ချေပဂိုး သွင်းယူနိုင်ခဲ့မှုနှင့် အတူ ပွဲက အကြိ

တ်အနယ် ရှိလာခဲ့ပြီး ပွဲကြမ်းတစ်ပွဲလည်း ဖြစ်လာခဲ့သည်။ ရခိုင်အတွက် ချေပဂိုးကို

ပွဲချိန် ၈၀ မိနစ် အရောက်တွင် အန်ဒရေက ပြစ်ဒဏ်ဘောအား တိုက်ရိုက် ကန်သွင်းခဲ့ခြင်း

ဖြစ်သည်။ သို့သော် ရခိုင်၏ ပျော်ရွင်မှုမှာ ကြာရှည် မခံခဲ့ဘဲ နောက် ၂ မိနစ်

အကြာမှာပင် ရန်ကုန်က တတိယဂိုးကို သွင်းယူသွားခဲ့သည်။ ပွဲချိန် ၈၂ မိနစ်တွင် ရရှိသည့်

ထောင့်ကန်ဘောမှ ကြည်လင်း၏ ခေါင်းတိုက်ချက်ကို ရခိုင် ကွင်းလယ်လူ ကာမာရာ

တားဆီးရာမှ ဂိုးဝင်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ကွင်းလယ်ဒိုင်က ကြည်လင်း၏

သွင်းဂိုးအဖြစ် သတ်မှတ် ပေးခဲ့သည်။ လက်ကျန် မိနစ်များတွင် နှစ်ဖက်အသင်း ကစားသမား

များ ကြမ်းတမ်းစွာ ကစားခဲ့ကြသောကြောင့် ပွဲကြမ်းတစ်ပွဲ ဖြစ်ခဲ့ပြီး

လက်ကျန် မိနစ်များတွင် ဂိုးထပ်သွင်းယူ နိုင်ခြင်းလည်း မရှိတော့ဘဲ ပွဲပြီးဆုံးခဲ့သည်။