Ooredoo MNL 2016 ပွဲစဉ် (၄) အဖြစ် ရတနာပုံအသင်း နှင့် ရခိုင်အသင်းတို့

မန္တလေးမြို့၊ ဗထူး အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး ရတနာပုံအသင်းက

ကိဒ်၊ ဝင်းနိုင်စိုး တို့၏ သွင်းဂိုးများဖြင့် ရခိုင်အသင်းကို အိမ်ကွင်း ပရိသတ်ရှေ့

တွင်(၂-ဝ) ဖြင့် အနိုင်ရခဲ့ကာ အမှတ်ပေးဇယား ပထမနေရာတွင် ဆက်လက် ရပ်တည်ခဲ့သည်။


ရတနာပုံအသင်းသည် အိမ်ကွင်းတွင် အနိုင်ရလဒ် သေချာရေးအတွက် ရဲကိုဦး၊

ကိဒ်၊ အောင်သူ၊ ရှိုင်းသူရ၊ ရန်ပိုင် အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး

ဧည့်သည် ရခိုင်အသင်းကလည်း ဘရာဇီးတိုက်စစ်မှူး အန်ဒရေ၊ ကာမာရာ၊ ညီညီမင်း

ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာသည်။


ရတနာပုံအသင်း အိမ်ကွင်း အားသာချက်ဖြင့် ပွဲစသည် နှင့် ရခိုင်အသင်းကို

ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၂ မိနစ်တွင် ရဲကိုဦး ဂိုးဧရိယာပြင်ပမှ ကန်သည့် ကန်ချက်

ရခိုင်ဂိုးသမား ကာကွယ်နိုင်ခဲ့သည့်အတွက် ရတနာပုံအသင်း အဖွင့်ဂိုးရရှိမည့်

အခွင့်အရေး နှင့်လွဲခဲ့သည်။ ပွဲချိန် ၂၉ မိနစ်တွင် ရတနာပုံ ကစားသမား ဝင်နိုင်စိုး

ဂိုးဧရိယာအတွင် ဆွဲဝင်လာသည့် အနေအထားကို ရခိုင်နောက်ခံလူ ကျော်နိုင်မြ

င့် ဖျက်ထုတ်ပုံ ကြမ်းခဲ့သဖြင့် ရတနာပုံအသင်း ပင်နယ်တီကန်ခွင့်ရပြီ အဆိုပါ ပင်န

ယ်တီကို ကိဒ် က ဂိုးသမား ဘယ်ဘက်သို့ ကန်သွင်းကာအဖွင့် ဂိုးသွင်း ယူခဲ့ပြီး မကြာမီ

ပွဲချိန် မိနစ် ၃ဝတွင် အောင်သူ၊ ကိဒ် အတွဲမှတဆင့် ညာခြမ်းမှ ဖြတ်တင်ပေးသည့်

ဘောလုံးကို ဝင်နိုင်စိုး အသာအယာ ပိတ်သွင်းပြီး ရတနာပုံအသင်း ဒုတိယဂိုးရရှိခဲ့

ပြီး လက်ကျန်ပွဲချိန်များတွင် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သော်လည်း ရတနာပုံအသင်း အနိုင်ရလဒ်ကို

ထိန်းထားနိုင်ခဲ့သည့်အတွက် အိမ်ကွင်းတွင် အနိုင်(၃) မှတ်ရရှိခဲ့သည်။


ရတနာပုံအသင်းသည် ပွဲစဉ် (၄)အပြီးတွင် ၄ပွဲကစား ၃ပွဲနိုင်၊၁ပွဲသရေ ရမှတ်

(၁ဝ)မှတ်ဖြင့် အဆင့် (၁) နေရာ၊ ရခိုင်အသင်းက ၄ပွဲကစား ၁ပွဲနိုင်၊ ၁ပွဲသရေ

၊ ၂ပွဲရှုံးရလဒ်ဖြင့် အဆင့် (၇) နေရာတွင် ရပ်တည်နေခဲ့သည်။