After Match Report


Pyay

မနောမြေကို အနိုင်ယူပြီး ၂ပွဲုဆက်နိုင်ပွဲရခဲ့တဲ့ ရခိုင်ယူနိုက်တက်အက်ဖ်စီ

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၇)အဖြစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့ ညနေက ရခိုင်ယူနိုက်တက်အက်ဖ်စီ နှင့် မနောမြေအက်ဖ်စီတို့ ယှဉ်ပြိုင်ကစား ခဲ့ကြရာ ရခိုင်ယူနိုက်တက်က ပြည်မိုးနှင့် နိုင်နိုင်ကျော်တို့သွင်းဂိုးများဖြင့် ဂိုးပြတ် သွင်းယူကာ လိဂ်ပွဲ ၂ပွဲဆက် အနိုင်ရရှိခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည် (၄-၃-၃)ပုံစံဖြင့်ပွဲထွက်လာခဲ့ပြီး အောင်စိုးမိုး မပါဝင်နိုင်သည်မှ အပဂျော်ဒန်၊ ပြည်မိုး၊ နိုင်နိုင်ကျော်၊ ဘားနတ်စသော အဓိက ကစားသမားအစုံအလင်ဖြင့် ကစားခဲ့ပြီး မနောမြေအသင်းကလည်း ဘမ်ဘာ၊ ကမ်ဘူး၊အီဗရာဟင်မ်တို့ကို အမာခံထားပြီး ထွန်းမင်းစိုး၊ မောင်သန့်စသောပုံ မှန်လူစာရင်းဖြင့် ရင်ဆိုင်ခဲ့သည်။ ပွဲစပိုင်းတွင် မနောမြေအသင်းက ပိုမိုထိုးဖောက်နိုင်ခဲ့ပြီး ရခိုင်ယူနိုက်တက်မှာ ခံစစ်ကို လုံအောင်ထိန်းကာ တန်ပြန်တိုက်စစ်ပုံစံဖြင့်သာကစားနေခဲ့သည်ကို တွေ့ရသည်။ မနောမြေတိုက်စစ်မှူးဘမ်ဘာမှာမူ ရခိုင်နောက်ခံလူများ လူကပ် ကစားမှုတွင် နှစ်မြုပ်နေခဲ့ပြီး ညာတောင်ပံမှ ထိုးဖောက်မှုများနှင့် ကမ်ဘူး၏ ဖြတ်တင်ဘောများကိုသာ အဓိကအားကိုးပြီး တိုက်စစ်ဆင်နေခဲ့သည်။ ပွဲချိန်(၂၀) မိနစ်တွင် တန်ပြန်တိုက်စစ်မှ တဆင့် ရခိုင်တိုက်စစ်မှူးပြည်မိုးက ဘယ်တောင်ပံထိုးဖောက်မှုမှ လှလှပပကန်သွင်း ယူရာ မနောမြေဂိုးသမား ဘယ်ဘက်ထောင့်သို့ ဂိုးဝင်သွားခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်းပထမဦး ဆောင်ဂိုးရရှိသွားခဲ့သည်။ ဂိုးပေးလိုက်ရပြီးနောက် မနောမြေအသင်းတိုက်စစ် မြှင့်လာခဲ့ ပြီး ပွဲချိန်(၃၄)မိနစ်တွင် တိုက်စစ်မှူး ဘမ်ဘာ အပိုင်ကန်သွင်းခဲ့သော် လည်း ဂိုးဘေးကပ်ထွက်ခဲ့ ပြီး ရောဘတ်၏ ကန်ချက်ကိုလည်း ရခိုင်ဂိုးသမား စိုးမိုးကျော်ကာကွယ်နိုင်ခဲ့သဖြင့် ပထမပိုင်းအပြိးတွင် ရခိုင်အသင်းက ဦးဆောင် ထားခဲ့သည်။ ဒုတိယပိုင်းအစတွင် ရခိုင်ယူနိုက်တက်အသင်းကမနောမြေအသင်း တိုက်စစ် မဆင်မှီ အကောင်းဆုံးထိုးဖောက်ပြီး တိုက်စစ်မှူးပြည်မိုးကပင် တကိုယ်တော် အစွမ်းဖြင့် ညာဘက်ထောင့်ကျဉ်းထဲ အကောင်းဆုံးပိတ်သွင်းပြီး ဒုတိယဂိုးရရှိ ခဲ့သည်။ ၂ဂိုးပေးလိုက်ရသဖြင့် မနောမြေအသင်းလူစားလဲမှုများပြုလုပ်ပြီး တိုက်စစ်ဖွင့် လာခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်း၏ ပြည်မိုး၊ဂျော်ဒန်၊ နိုင်နိုင်ကျော်တို့ တိုက်စစ်တွဲလုံး မှာ မနောမြေခံစစ်ကြောင်းကိုပွဲချိန်ပြည့် အလုပ်ရှုပ်စေခဲ့ပြီး ကွင်းလယ်မှ ဖန်တီး ပေးပို့မှုများ ကိုလည်းအကောင်းဆုံးအသုံးချနိင်ခဲ့သည် ကိုတွေ့ရသည်။ ဒုတိယပိုင်းတွင် ၇ခိုင်အသင်း၏ ကွင်းလယ်မှာမနောမြေ ကစားကွက် ကို အကောင်းဆုံးထိန်းချုပ်လာနိုင်ခဲ့ပြီး ပွဲချိန်(၇၈) မိနစ်တွင် ရခိုင်ယူနိုက်တက်အ သင်းအတွက် တတိယဂိုးကို တိုက်စစ်မှူးဂျော်ဒန် ဆွဲပြေးပြီး ဖြတ်ပို့ပေးမှုမှ တဆင့် ယခုပွဲတွင် ညာတောင်ပံမှ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့သော နိုင်နိုင်ကျော်က ကန်သွင်းယူခဲ့သည်။ တတိယဂိုး၇ရှိခဲ့ပြီး နောက် ရခိုင်ယူနိုက်တက်အသင်းမှာ ပြည်မိုးနှင့် နိုင်နိုင်ကျော် တို့အား အနားပေးခဲ့ပြီး အောင်သူဝင်းနှင့် စောစိန်ဘမြင့်တို့ကိုလူ စားလှဲလှယ်ခဲ့သည်ကိုတွေ့ရသည်။ မနောမြေတိုက်စစ်မှူး ဘမ်ဘာ ရခိုင်ကွင်းလယ်လူအားကစားပုံ ကြမ်းတမ်းမှုကြောင့် အ၀ါကတ်ပြားပြသခြင်း ခံခဲ့ရသည်။ ပွဲချိန်(၈၀)မိနစ်နောက်ပိုင်းတွင် ရခိုင်အသင်းက ကစားကွက်ထိန်းချုပ်ကစား သွားခဲ့ ပြီး မနောမြေအသင်း၏ထိုးဖောက်မှုများကိုလည်း ရခိုင်ဂိုးသမားနှင့် နောက်တန်းခံစစ်ကြောင်းက အကောင်းဆုံးပိတ်ဆို့ နိုင်ခဲ့ကာ ပွဲအပြီးတွင် ရခိုင်ယူနိုက်တက်အသင်းက (၃)ဂိုးဂိုးမရှိရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည် ယခုပွဲအနိုင်ရရှိမှုကြောင့် (၇)ပွဲကစား ရမှတ် (၆)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၇)သို့ တက်ရောက်လာနိုင်ခဲ့ပြီး လာမည့်တစ်ပါတ်တွင် ချင်းယူနိုက်တက်အသင်း နှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။ ‪#‎RUFC‬

Posted Date 23 Feb
Posted By
Img 8393

ကမ္ဘောဇလူငယ်နှင့်သရေကျခဲ့ပြန်တဲ့ရခိုင်လူငယ်

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲဖြစ်သည့် ရခိုင်လူငယ်အသင်းနှင့် ကမ္ဘောဇလူငယ်အသင်းတို့ ဖေဖော်ဝါရီလ(၁၆) ရက်နေ့ကလှိုင် မြက်ခင်းတုကွင်းတွင် ယှဉ်ပြိုင်ကစား ခဲ့ရာ ဂိုးမရှိသရေကျခဲ့သည်။ နှစ်သင်းစလုံးမှ အဖွင့်ပွဲများတွင်သရေကျထားသောကြောင့် ယခုပွဲကို အနိုင်ရရှိရန် ကြိုးစားခဲ့ကြပြီး ပွဲမှာသွက်နေခဲ့သည်။ ရခိုင်လူငယ်အသင်းမှ အဖွင့်ပွဲလူစာရင်းအတိုင်း ပွဲထွက်လာခဲ့ပြီး ပထမပိုင်းတွင် ကစားကွက်ပျက်နေခဲ့ ပြီးကမ္ဘောဇလူငယ်အသင်း၏ ကစားကွက်အောက် တွင် ရောက်ရှိနေခဲ့သည်ကိုတွေ့ရသည်။ ရတနာပုံအသင်းကိုသရေကျထားသော ကမ္ဘောဇလူငယ်အသင်း မှာ တိုက်စစ်ပိုင်းမှ ဂိုးသွင်းခွင့်အများအပြားရရှိခဲ့သော်လည်း အသုံးမချနိုင်ဘဲ ပထမပိုင်းပြီးဆုံးခဲ့သည်။ ရခိုင်ယူနိုက်တက်လူငယ်အသင်းမှာဒုတိယပိုင်းမှသာ ကစားပုံကောင်းမွန်လာခဲ့ပြီး ပြန်လည်ဖိအားပေး ကစားလာနိုင် သော်လည်း ကွင်းလယ်တွင်သာ ဘောလုံးအပျက်များနေပြီး တိုက်စစ်နှင့်ချိတ်ဆက် ကစားမှု အားနည်းနေခဲ့သည်။ ပွဲချိန်တစ်လျောက်လုံး ဖိကစားနေသော ကမ္ဘောဇလူငယ်အသင်းဘက်သို့ ပွဲချိန်(၈၄) မိနစ်တွင် အပိုင်အခွင့်အရေးအဖြစ် တိုက်စစ်မှူးဝေယံနိုင် ကန်သွင်းခဲ့သော်လည်း ဘားတန်းထိသွားခဲ့သည်။ ထို့နောက် နှစ်သင်းစလုံးကြိုးစားခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲပွဲပြီးဆုံးခဲ့သည်။ ရခိုင်ယူနိုက်တက် လူငယ်အသင်းသည် ၂ပွဲကစား ၂ပွဲသရေကျထားကာ လာမည့်တစ်ပါတ်တွင် ရတနာပုံလူငယ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Posted Date 17 Feb
Posted By Thet Htoo Naing Oo
10952278 385443011628366 7493022289047086566 n

ဇွဲကပင်ကိုအနိုင်ယူပြီး လိဂ်နိုင်ပွဲရခဲ့တဲ့ရခိုင်ယူနိုက်တက်

၂၀၁၅မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၆) ဧ။်ပွဲစဉ်တစ်ပွဲဖြစ်သည့် ရခိုင်ယူနိုက်တက်အသင်း နှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ဖေဖော်ဝါရီလ(၁၅)ရက်နေ့က အောင်ဆန်းကွင်းတွင်ယှဉ်ပြိုင် ကစားခဲ့ကြသည်။ ၇ခိုင်ယူနိုက်တက်အသင်းမှာ (၄-၃-၃)ပုံစံဖြင့်တိုက်စစ်အသားပေးကစားကွက် ဖြင့်ဂျော်ဒန်၊အောင်စိုးမိုး၊နိုင်နိုင်ကျော်စသောတိုက်စစ်ကစားသမားအများအပြားဖြင့်ပွဲထွက်လာခဲ့ ကာဇွဲကပင်အသင်းကလည်း ဇီကိုဗစ်ကိုအထောင်ထားကာလူငယ်ကစားသမားများကို စုဖွဲ့လာ ခဲ့သည်။ နိုင်ပွဲမရသေးသောအသင်းနှစ်သင်းပီပီ ပွဲစသည်နှင့်တိုက်စစ်ဖွင့် ကစားခဲ့ ကြပြီး ပွဲအစ(၃)မိနစ် မှာပင် ရခိုင်ကွင်းလယ်လူစည်သူသန်းစိုးက ဧရိယာအတွင်းအပြင်းကန်သွင်းချက်ဖြင့် ဦးဆောင် ဂိုးသွင်းယူပေးခဲ့သော်လည်း ဇွဲကပင်တိုက်စစ်မှူး ဇီကိုဗစ်က(၁၆)မိနစ်တွင်ချေပခဲ့ပြီး (၂၈)မိနစ် တွင် ဦးဆောင်ဂိုးသွင်းယူသွားသောကြောင့် ပွဲမှာ ကြည့်ကောင်းနေခဲ့သည်။ ရခိုင်ယူနိုက်တက်ကလည်းစိတ်ဓါတ်မကျပဲဆက်လက်တိုက်စစ်ဆင်ခဲ့ပြီး (၃၂)မိနစ်တွင် တိုက်စစ် မှူးဂျော်ဒန်ကထောင့်ကန်ဘောကိုခေါင်းတိုက်ပြီး ဒုတိယချေပဂိုး ရယူပေးခဲ့ကာ ဂျော်ဒန်ကပင် ပွဲချိန်(၃၈)မိနစ်တွင် ကွင်းလယ်မှ ပံ့ပိုးပေးမှုအား အကောင်းဆုံးအဆုံးသတ်ခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် ရခိုင်အသင်းက(၃-၂)ဂိုးရလဒ်ဖြင့် အနိုင်ရရှိနေခဲ့သည်။ ဒုတိယပိုင်းတွင်လည်းပွဲမှာ အကြိတ်အနယ်၇ှိခဲ့ပြီး နှစ်ဖက်စလုံးမှ တိုက်စစ်မြှင့်ကစားခဲ့သောကြောင့် ရသအပြည့်ပေးနိုင်ခဲ့သည်ကိုတွေ့ရသည်။ ရခိုင်ယူနိုက်တက်အသင်းသည် ဒုတိယပိုင်းတွင် ကစား ကွက်ပြောင်းလဲကစားခဲ့ပြီး ကွင်းလယ်လူများကို အားဖြည့်ကာ တန်ပြန်တိုက်စစ်ကိုအဓိကထားကစား လာခဲ့ကာပွဲချိန်(၅၅) မိနစ်တွင်ကွင်းလယ်လူ စည်သူသန်းစိုးက ပထမဆုံးဂိုးပုံစံအတိုင်းအပြင်းကန်သွင်း ပြီး ရခိုင်ယူနိုက်တက်အတွက် အနိုင်ဂိုးတစ်ဂိုးထပ်မံရယူပေးခဲ့ပြန်သည်။ ဇွဲကပင်အသင်းမှာ ကစားကွက် ပိုမို အားကောင်းလာခဲ့ပြီး ပိုမိုဖိအားပေးလာနိုင်ခဲ့သည်။ ဇွဲကပင်အသင်းအတွက်တတိယချေပဂိုးကို ကွင်း လယ်ကစားသမားဒရာဂန် က(၅၉)မိနစ် တွင်ပါးပါးနပ်နပ်ဖြင့် ကန်သွင်းယူခဲ့ကာ ပွဲပြီးခါနီးနာကျင်အချိန်ပို အထိ သေ၇ရလဒ်ရ၇ှိရန်ကြိုးစားခဲ့သော်လည်း ရခိုင်နောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်နိုင်ခဲ့ပြီး ပွဲအပြီးတွင် ရခိုင်ယူနိုက်တက်အသင်းက(၄-၃)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည် ယခုပွဲအနိုင် ရရှိမှုကြောင့် အမှတ်ပေးဇယားအဆင့်(၁၀) နေရာသို့ တက်လှမ်းနိုင်ခဲ့ကာ လာမည့်တပါတ် တွင် မနောမြေအက်ဖ်စီ နှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Posted Date 16 Feb
Posted By admin
Ed2

အကြိတ်အနယ်ကစားပြီးသရေကျခဲ့တဲ့ ရခိုင်နှင့်မကွေးလူငယ်

အကြိတ်အနယ်ကစားပြီးသရေကျခဲ့တဲ့ ရခိုင်နှင့်မကွေးလူငယ် ဖေဖော်ဝါင်္ရီလ (၁၀) ရက်နေ့ က ကစားခဲ့သည့် မြန်မာနေရှင်နယ်လိဂ်လူငယ်ပြိုင်ပွဲအဖွင့်ပွဲ စဉ် တစ်ပွဲဖြစ်သည့် ရခိုင်ယူနိုက်တက်လူငယ်အသင်းနှင့် မကွေးလူငယ်အသင်းတို့ပွဲစဉ် တွင်တစ်ဖက် သုံးဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ရခိုင်လူငယ်အသင်းမှာ ဝေယံနိုင်၊သက်မျိုးဦး၊ သက်ထွန်းအောင်စသည့် အတွေ့အကြုံရှိ လူငယ် ကစားသမားများ ဦးဆောင်ပြီး ရခိုင်ယူနိုက်တက်ဖလားပြိုင်ပွဲ မှ ရွေးချယ်ထားသည့် လူငယ်ကစား သမားများဖြင့်ပွဲထွက်လာခဲ့ပြီး မကွေးလူငယ် အသင်းမှာလည်းနည်းပြဦးချစ်နိုင် ဦးဆောင်ပြီး မြန်မာ ယူ-၂၀အသင်းတွင် ပဏာမရွေးချယ်ခြင်းခံရဖူးသည့် လူငယ်ကစားသမားမောင်မောင်ဝင်းကိုအဓိက ထားစုဖွဲ့သည့်အသင်းဖြင့် ရင်ဆိုင်ကစားခဲ့သည်။ ပွဲစစချင်းလူငယ်အသင်းများပီပီ တိုက်စစ်ဖွင့်ကစားခဲ့သော်လည်း ရခိုင်လူငယ်အသင်းမှာ ပွဲရှိန်နေပုံ ၇နေခဲ့ကာ အချိတ်အဆက်အားနည်းနေခဲ့သည်။ ဦးဆောင်ဂိုးကိုမကွေးလူငယ်အသင်းက စတင် သွင်းယူခဲ့ပြီး ရခိုင်လူငယ် အသင်းမှာ ချေပဂိုးရရှိရန်ကြိုးစားခဲ့သော်လည်း ဒုတိယဦးဆောင်ဂိုးပေးလိုက် ရပြန်သည်။ ဦးဆောင်ဂိုးနှစ်ဂိုး ပေးလိုက်ရပြီး နောက်မှသာ ရခိုင်လူငယ်ကစားကွက်မိလာခဲ့သော်လည်း ရုန်း ကန် ခဲ့ရပြီး ပထမပိုင်းပြီးခါနီးတွင်တိုက်စစ်မှူးဝေယံနိုင်သွင်းယူသောတစ်ဂိုးသာရခဲ့ကာတတိယ ဦးဆောင်ဂိုးပေးရပြီး သုံးဂိုး-တစ်ဂိုးဖြင့် ပထမပိုင်းပြီးဆုံးခဲ့သည်။ ဒုတိယပိုင်း ပြန်စသည်နှင့် ရခိုင်လူငယ်အသင်းမှာ ကစားသမားလူစားလှဲလှယ်အားဖြည့် ကာ တိုက်စစ်မြှင့်လာခဲ့ပြီး ကွင်းလယ်လူ သက်မျိုးဦးက ပြစ်ဒဏ်ဘောကန်ချက်တိုင်ထိထွက်လာ သည်မှ တဆင့်ပိတ်သွင်းခဲ့ပြီး ဒုတိယချေပဂိုးရယူခဲ့သည်။ မကွေးလူငယ်အသင်းမှာလည်း တိုက်စစ်မြှင့်လာခဲ့သော ကြောင့်ပွဲရှိန် မြှင့်လာပြီး အကြိတ်အနယ်ရှိလာခဲ့သည်ကိုတွေ့ရသည်။ နှစ်သင်းစလုံးတိုက်စစ်မြှင့်ပြီး ပွဲမှ သွက်လာသည်နှင့်အမျှ ကစားသမားအချင်းချင်း ထိခိုက်မှုများ မကြာခဏဆိုသလို ရှိလာခဲ့သည်။ ပွဲချိန်(၈၆)မိနစ်တွင် ရခိုင်လူငယ်အသင်းပယ်နယ်တီကန်ခွင့် ရရှိခဲ့ပြီး တိုက်စစ်မှူးဝေယံနိုင်က အကောင်းဆုံး ကန်သွင်းကာ တတိယချေပဂိုး ရယူပေးခဲ့သည်။ သရေကျနေပြီးနောက်နှစ်သင်းစလုံး အနိုင်ဂိုးရရှိရန် ကြိုးစားခဲ့ကြပြီး အခွင့်အရေးကိုယ်စီ ရခဲ့ ကြသော် လည်း နစ်ဖက်နောက်တန်းကစားသမားများ ကာကွယ်နိုင်ခဲ့ ပြီး ပွဲအပြီးတွင် တဖက်၃-၃ ဂိုး ရလဒ်ဖြင့် သရေတစ်မှတ်စီ ခွဲယူခဲ့ရသည်။

Posted Date 12 Feb
Posted By
10959863 381984505307550 7136587808612520924 n

ဧရာဝတီနှင့် ရခိုင်ယူနိုက်တက်ပွဲပြီးသုံးသပ်ချက်

မြန်မာရှင်နယ်လိဂ်-၁ (Week-5) ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဧရာဝတီ ယူနိုက်တက် အသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့၊ ညနေ (၃း၃၀) နာရီတွင် ပုသိမ်မြို့၊ ကျောက်တိုင်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရာ အိမ်ရှင် ဧရာဝတီ ယူနိုက်တက် အသင်းက ရခိုင် ယူနိုက်တက် အသင်းကို ခက်ခက်ခဲခဲ ကစားပြီး (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ရကာ လိဂ် (၅) ပွဲ ဆက်တိုက် နိုင်ပွဲ ရယူနိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဧရာဝတီ ယူနိုက်တက် သည် ဖွန်ဆီကာ၊ မင်းမင်းသူ၊ ရစ်(စ်)တီ၊ နေလင်းထွန်း စသည့် အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး ရခိုင်ယူနိုက်တက် အသင်းမှာ အတောင့်တင်းဆုံး ပွဲထွက် လူစာရင်းဖြင့် အိမ်ရှင် အသင်းကို ယှဉ်ပြိုင်ကစား ခဲ့သည်။ ပထမပိုင်းစ, စချင်းမှာပဲ ဧရာဝတီ တရစပ် ထိုးဖောက် တိုက်စစ်ဆင်ခဲ့ကာ တိုက်စစ်မှူး ဖွန်ဆီကာ က ပွဲချိန် (၉) မိနစ်တွင် (၁၈) ကိုက်စည်းအတွင်း သပ်သပ်ရပ်ရပ် ကန်သွင်းယူပြီး အိမ်ရှင် အသင်းအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့သည်။ ပထမပိုင်း တစ်ပိုင်းလုံး နီးပါး ဧရာဝတီ က ရခိုင်ယူနိုက်တက် ဘက်ကို ပိုမို ဖိအားပေး တိုက်စစ်ဆင် ကစားခဲ့သည်။ ဒုတိယပိုင်း တွင်မူ ရခိုင်ယူနိုက်တက် အနည်းငယ် ပိုမို ထိုးဖောက် ကစားခဲ့ရာ အိမ်ရှင် အသင်းနှင့် ဘတစ်ပြန် ကျားတစ်ပြန် အနေအထားကြောင့် ပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။ အချိန်ပို (၉၀+၂) မိနစ်တွင် နံပါတ် (၂၉) ရစ်(စ်)တီ က အိမ်ရှင် အသင်းအတွက် ဒုတိယဂိုးကို ပင်နယ်တီ မှတဆင့် ရယူပေးခဲ့သည်။ ရခိုင် ယူနိုက်တက် ကလည်း စိတ်ဓာတ် ခိုင်ခိုင်မာမာ ဖြင့် ပြန်လည်း ထိုးဖောက် ခဲ့ရာ ပွဲချိန် (၉၀+၄) မိနစ်တွင် နံပါတ် (၉) အသင်းခေါင်းဆောင် အောင်စိုးမိုး က ဧည့်သည်အသင်း အတွက် နှစ်သိမ့်ချေပဂိုးကို ပင်နယ်တီမှတဆင့် သွင်းယူပေးခဲ့ရာ ဧရာဝတီ ယူနိုက်တက် အသင်း (၂-၁) ရခိုင်ယူနိုက်တက် အသင်း ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်

Posted Date 09 Feb
Posted By admin
Sponsor
Sponsor22
Sponsor4
Sponsor2
Sponsor
Sponsor22