After Match Report


12469661 894141084015669 3790480319558721905 o

ရခိုင်ယူနိုက်တက် အသင်း ပွဲဦးထွက် အနိုင်ဖြင့် တာထွက်


၂၀၁၆ မြန်မာ နေရှင်နယ်လိဂ် Ooredoo MNL 2016 အဖွင့်ပွဲစဉ်များကို ယနေ့

ဇန်န၀ါရီ ၉ ရက်၊ ညနေ (၄)နာရီကရန်ကုန်မြို့ အောင်ဆန်းကွင်းနှင့်သုဝဏ္ဏကွင်း

တို့တွင် တစ်ချိန်တည်း ကျင်းပခဲ့ရာ အောင်ဆန်းကွင်း ပွဲစဉ်တွင်ဇေယျာေ

ရွှမြေ အသင်းက တန်းတက်အသင်းသစ် Horizon FC ကို (၁-၂) ဂိုးဖြင့်

အနိုင်ရရှိခဲ့ပြီး သုဝဏ္ဏကွင်းတွင်ရခိုင် ယူနိုက်တက် အသင်းကလည်း

တန်းတက်အသင်း ဆောက်သမ်းမြန်မာ ကို(၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


ရခိုင်နှင့် ဆောက်သမ်းမြန်မာ ပွဲစဉ်တွင် ရခိုင်အသင်းက ဘရာဇီးလ် လူမျိုးကွင်း

လယ် ဖန်တီးရှင် အန်ဒေရကော်တင်ဟိုကို အားပြုပြီး ယခုရာသီအတွက်

အသစ်ခေါ်ထားသည့် ဒွေးကိုကိုချစ်၊ မျိုးဇော်ဦး၊ ဖိလစ်ပီ အစရှိသည့်

ကစားသမားများနှင့် ဆောက်သမ်းမြန်မာ အသင်းကို ပွဲအစမှပင် ဖိအားပေး

တိုက်စစ်ဆင် ကစားနိုင်ခဲ့သည်။


ဆောက်သမ်း မြန်မာအသင်းသည် ယခုရာသီတွင် ပြည်တွင်း ကစားသမားများကိုသာ

အသုံးပြုမည်ဖြစ်ရာ ၀ါရင့်ရှေ့တန်းလူ ရဲအောင်၊ ဂိုးသမား ပြည့်ဖြိုးအောင်တို့

ဦးဆောင်သည့် လူဟောင်း၊ လူသစ် ကစားသမားများ အတွဲညီညီပေါင်းစပ်ပြီး ရခိုင်

ယူနိုက်တက် အသင်းကို ရင်ဆိုင်ခဲ့သည်။ပွဲချိန် ပထမပိုင်းတွင် ရခိုင် ယူနိုက်တက် အသင်း

တိုက်စစ်ဖွင့်ပြီး ကစားကွက် အသာစီးဖြင့် ဆောက်သမ်းမြန်မာ အသင်းကို မိနစ် ၂၀

ကျော် ဖိအားပေးထား နိုင်ခဲ့သည်။


ရခိုင်အသင်းရရှိသည့် ပြစ်ဒဏ်ဘော၊ ထောင့်ကန်ဘောများမှအကြိမ်ကြိမ်

ထိုးဖောက်ဂိုးသွင်းမှုများကို ဆောက်သမ်းဂိုးသမား ပြည့်ဖြိုးအောင် ပုတ်ထုတ်ကာ

ကွယ် ထားနိုင်သဖြင့် ဂိုးအဖြစ်ပြောင်းလဲ သွားနိုင်ခဲ့ခြင်း မရှိပေ။ ပွဲချိန် ၄၅ မိနစ်

တွင် ဆောက် သမ်းမြန်မာ အသင်းတန်ပြန် တိုက်စစ်ဆင်မှ တစ်ဆင့် ဦးဆောင်ဂိုး ရရှိခဲ့ပြီး

ထိုဂိုးကို ရှေ့တန်းလူ ခိုင်ဇော်ထွန်းက လှလှပပ အဆုံးသတ် ပေးခဲ့ခြင်း

ဖြစ်သည်။


ဒုတိယပိုင်းတွင် ရခိုင် ယူနိုက်တက် အသင်းချေပဂိုးအတွက် ပြန်လည် ပြင်ဆင်လာခဲ့ပြီး

ဆောက်သမ်းမြန်မာ အသင်းဘက် သို့ ဘောလုံး ပိုင်ဆိုင်မှု အသာစီးဖြင့်

ကြိုးစား ကစားလာခဲ့သည်။ ပွဲချိန် ၅၃ မိနစ်၊ ၈၆ မိနစ်များတွင် ရခိုင်အသင်း၏ ဘရာဇီးလ်

ကွင်းလယ်လူ အန်ဒရေက အဖိုးတန် ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့ေ

သာကြောင့် ပွဲအပြီးတွင် ရခိုင် ယူနိုက်တက် အသင်း (၂-၁)ဂိုး အနိုင်ဖြင့်

၂၀၁၆ ရာသီသစ် တာထွက်ကောင်း သွားခဲ့သည်။

Posted Date 12 Jan
Posted By
Mnl

ချင်းယူနိုက်တက်၂ - ၄ ရခိုင်ယူနိုက်တက်(ပွဲပြီးသုံးသပ်ချက်)

ချင်းယူနိုက်တက်၂ - ၄ ရခိုင်ယူနိုက်တက်(ပွဲပြီးသုံးသပ်ချက်) ချင်းယူနိုက်တက်အက်ဖ်စီနှင့်ရခိုင်ယူနိုက်တက်အက်ဖ်စီ(ပွဲပြီးသုံးသပ်ချက်) စက်တင်ဘာလ(၃၀)ရက်နေ့ညနေကအောင်ဆန်းကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ကြသည့် ချင်းယူနိုက်တက်နှင့်ရခိုင်ယူနိုက်တက်အသင်းတို့ပွဲစဉ်မှာအပြန်အလှန်သွင်းဂိုးများဖြင့်ပြိုင်ဆိုင်မှုပြင်း ထန်ခဲ့ပြီးရခိုင်အသင်းကအနိုင်ရရှိခဲ့သည်။ချင်းယူနိုက်တက်သည်ရဝေဇင်(ဂိုး)၊ကလစ်ဖို့ဒ်၊ရာဂျင်၊ချစ်စုမိုး၊ ဂျီနွန်ဆီယန်၊ဘီဘီ၊ဆွမ်လမန်၊မက်သရူးစသောအဓိကကစားသမားအစုံအလင်ဖြင့်ပွဲထွက်လာခဲ့ပြီး ရခိုင်ကလည်းခိုးရှီ(ဂိုး)၊ဝေဖြိုးလွင်၊ကျော်နိုင်မြင့်၊ဘားနတ်အချော၊သီဟအောင်၊နိုင်နိုင်ကျော်၊ မာစီယို၊ဥာဏ်လင်းထက်၊အောင်ခိုင်ထွန်း၊ပြည်မိုး၊အောင်စိုးမိုးတို့ဖြင့်ရင်ဆိုင်ကစားခဲ့သည်။ ပွဲစသည်နှင့်နှစ်သင်းစလုံးတိုက်စစ်ဖွင့်ကစားခဲ့ကြပြီးအစောပိုင်းတွင်ချင်းယူနိုက်တက် အသင်းကပိုဖိကစားနေခဲ့သည်။သို့သော်အဖွင့်ဂိုးကိုရခိုင်အသင်းကရရှိသွားခဲ့ကာချင်း ယူနိုက်တက်နောက်ခံလူတစ်ဦးပယ်နယ်တီဧရိယာအတွင်းလက်ထိသဖြင့်ကွင်းလယ်ဒိုင်ကပယ်နယ်တီသတ်မှတ်ပေး ခဲ့ပြီးရခိုင်ကွင်းလယ်လူမာစီယိုကထိုပယ်နယ်တီကိုကန်သွင်းပြီးပွဲချိန်(၆)မိနစ်တွင်ပထမဂိုးရယူပေးခဲ့သည်။ ထို့နောက်ချင်းအသင်းမှကစားကွက်အနည်းငယ်ပျက်သွားခဲ့သော်လည်းတိုက်စစ်မှူး မက်သရူးဧ။်တိုးအားကြောင့်ရခိုင်နောက်တန်းအလုပ်များခဲ့ရသည်။မိနစ်(၃၀)တွင် တန်ပြန်တိုက်စစ်မှဆွမ်လမန်ပေးပို့ပေးမှုကိုတိုက်စစ်မှူးမက်သရူးရခိုင်ဧရိယာအတွင်းအနီးကပ်အပြင်းက န်သွင်းယူခဲ့သော်လည်းဂိုးဘားကျော်သွားခဲ့သည်။ပွဲချိန်(၃၅)မိနစ်တွင်ရခိုင်ယူနိုက်တက်အသင်းဒုတိယ ဂိုးရခဲ့ပြီးပြည်မိုးညာတောင်ပံမှချင်းယူနိုက်တက်နောက်ခံလူများကိုလှည့်စားထိုးဖောက်ကာေ အာင်ခိုင်ထွန်းအားပေးပို့မှုကိုအောင်ခိုင်ထွန်းမှဧရိယာထဲရှိအောင်စိုးမိုးအားဖြတ်ပေး ရာအောင်စိုးမိုးကအပိုင်ကန်သွင်းပြီးဒုတိယဂိုးရယူခဲ့သည်။ ချင်းအသင်းမှာဦးဆောင်ဂိုးနှစ်ဂိုးပေးလိုက်ရသဖြင့်အားထုတ်လာခဲ့သော်လည်းရခိုင် အသင်းမှချင်းတိုက်စစ်မှူးမက်သရူးအားလူကပ်ကစားခဲ့မှုကြောင့်အပိုင်ကန်သွင်း ခွင့်မယ်မယ်ရရမရှိဘဲ(၄၃)မိနစ်တွင်တတိယဂိုးပေးလိုက်ရပြန်သည်။ထိုဂိုးကိုရခိုင်ကွင်းလယ်လူမာစီယိုကပင်ချ င်းဧရိယာထိပ်နားတွင်ရရှိသောအလွတ်တည်ကန်ဘောကိုတိုက်ရိုက်ကန်သွင်းပြီးရယူပေးခဲ့ခြင်ြး ဖစ်သည်။ထို့ကြောင့်ရခိုင်အသင်းက(၃-၀)ဂိုးရလဒ်ဖြင့် ပထမပိုင်း ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်းတွင်ချင်းယူနိုက်တက်မှာလူစားလဲလှယ်မှုများပြုလုပ်ပြီးရခိုင်အသင်းဘက်သို့ဖိအားပေး ကစားလာခဲ့သည်။ပွဲချိန်(၆၆)မိနစ်တွင်ချင်းယူနိုက်တက်ကွင်းလယ်လူချစ်စုမိုးကတကိုယ်တော်အစွမ်ြး ဖင့်ထိုးဖောက်ပြီးရခိုင်ဂိုးသမားခိုးရှီဧ။်ညာဘက်ထောင့်ထဲအပိုင်ကန်ချက်ဖြင့်ချေပဂိုးတစ်ဂိုး ရယူသွားခဲ့သည်။ ဒုတိယပိုင်းပွဲကစားချိန်များတွင်ချင်းအသင်းကသာတရစပ်ဖိကစားလာခဲ့ပြီးရခိုင်အသင်းက တန်ပြန်တိုက်စစ်ဖြင့်သာကစားနေခဲ့သည်ကိုတွေ့ရသည်။ချင်းအသင်းအတွက်ဒုတိ ယမြောက်ချေပဂိုးကိုညာတောင်ပံတွင်ခြေစွမ်းပြနေသောဆွမ်လမန်ကပယ်နယ်တီမှ တဆင့်သွင်းယူပေးခဲ့ပြီးနာကျင်အချိန်ပို(၄)မိနစ်တွင်သရေရလဒ်ရရှိစေမည့်အဖိုးတန် ချေပဂိုးရရှိစေရန်ဖိကစားနေခဲ့သည်။ သို့သော်လည်းရခိုင်နောက်ခံလူများအကောင်းဆုံးတားဆီးနိုင်ခဲ့ပြီးနာကျင်အချိန်ပို နောက်ဆုံးမိနစ်တွင်ရခိုင်အသင်းမှအောင်ခိုင်ထွန်းကတန်ပြန်တိုက်စစ်မှတဆင့်ချင်းယူနိုက်တက်ဂိုးဧရိယာ အတွင်းရှုပ်ရှက်ခတ်နေသည့်အနေအထားတွင်ဂိုးရှေ့ဖြတ်ပို့ပေးရာဂိုးထဲတန်းဝင်သွားခဲ့ သဖြင့်(၄)ဂိုးမြောက်ဦးဆောင်ဂိုးရရှိသွားခဲ့ပြန်သည်။ ထို့နောက်ပွဲပြီးဆုံးခဲ့ပြီးရခိုင်ယူနိုက်တက်မှာ(၄-၂)ဂိုးဖြင့်အနိုင်(၃)မှတ်ရရှိခဲ့ကာ ရမှတ်(၁၈)မှတ်ဖြင့်အမှတ်ပေးဇယားအဆင့်(၁၀)သို့ရောက်ရှိလာခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည်အောက်တိုဘာလ(၁၈)ရက်နေ့တွင်ဟံသာဝတီယူနိုက်တက်အသင်း နှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Posted Date 11 Oct
Posted By
11182198 544984908973659 5777974353869393766 n

တိုက်စစ်မှူးဂျော်ဒန်ရဲ့ဟက်ထရစ်ဂိုးတွေနဲ့ နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့တဲ့ ရခိုင်ယူနိုက်တက်

ဧပြီလ(၂၇)ရက်နေ့ ကယှဉ်ပြိုင်ကစားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းရှုံး ထွက်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်တစ်ပွဲဖြစ်
သည့် ဒဂုံအသင်းနှင့်ရခိုင်ယူနိုက်တက်အသင်းတို့ပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းက (၄-၁)ဂိုးဖြင့် အနိုင်ရ
ရှိပြီး ဒုတိယအဆင့် ၁၆သင်းရှုံးထွက်အဆင့် သို့တက်လှမ်းနိုင်ခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းသည် ဂျော်ဒန်၊ဘားနတ်စသော ပြည်ပကစားသမား(၂)ဦးအပါအ၀င်
အမာခံကစားသမားဖြင့် အစုံအလင်ဖြင့်ပွဲထွက်လာခဲ့ကာ ရှုံးထွက်ပြိုင်ပွဲကိုအာရုံစိုက်ခဲ့ပြီး ဒဂုံအသင်းကလည်း
ပုံမှန်ပွဲထွက်လူစာရင်းဖြင့် ရင်ဆိုင်ကစားခဲ့သည်။

ပွဲချိန်(၅)မိနစ်တွင်ရခိုင်ဦးဆောင်ဂိုးရခဲ့ပြီး ဂျော်ဒန်ကထောင့်ကန်ဘောကိုခေါင်းတိုက်သွင်းယူပေးခဲ့သော်လည်း
(၁၅)မိနစ်တွင် ဒဂုံဘက်မှသီဟကထောင့်ဖြတ်ကန်သွင်းပြီး ချေပဂိုးရယူပေးခဲ့သဖြင့် ပွဲမှာ အကြိတ်အနယ်ရှိ
လာခဲ့သည် ကိုတွေ့ရသည်။ ပထမပိုင်းတွင် နှစ်သင်းစလုံးအခွင့်အရေးများရရှိခဲ့ကြသော်လည်း
အသုံးချနိုင်ခြင်းမရှိဘဲ တစ်ဖက်တစ်ဂိုးစီဖြင့် ပထမပိုင်းပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် ရခိုင်ယူနိုက်တက်အသင်းမှာ တိုက်စစ်တင်ကစားလာခဲ့ပြီးတိုက်စစ်မှူးဂျော်ဒန်က ပွဲချိန်
(၅၇)မိနစ်တွင်ဒုတိယဂိုး နှင့် ပွဲချိန်(၆၈)မိနစ်တို့ တွင်သူ၏ဟက်ထရစ်ဂိုးသွင်းယူပေးခဲ့ကာ ဦးဆောင်ဂိုးများ
ရရှိစေခဲ့သည်။ဒဂုံအသင်းသည် ချေပဂိုးများရရှိရန် ကြိုးစားခဲ့သော်လည်း ဘားနတ်ဦးဆောင်
သော ရခိုင်ယူနိုက်တက်နောက်တန်း ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ကွင်းလယ်အသာစီး ရရှိလာခဲ့သော ရခိုင်ယူနိုက်တက်အသင်းလူစားလဲလှယ်မှုများ ပြုလုပ်ခဲ့ပြီး
ရခိုင်အသင်းအတွက် စတုတ္ထဂိုးကို လူစားဝင်တိုက်စစ်မှူးညီညီနိုင်က တန်ပြန်တိုက်စစ်တွဲလုံးမှ
တဆင့် တောင်ပံကစားသမားနိုင်နိုင်ကျာ်၏ ဖြတ်တင်ဘော ကို အကောင်းဆုံးခေါင်းတိုက်ပြီး ရယူပေးခဲ့သည်။

မိနစ်(၈၀)နောက်ပိုင်းတွင် ဒဂုံအသင်းကစားအားကျသွားခဲ့ပြီး ရခိုင်တိုက်စစ်
မှူးများနှင့် တောင်ပံကစားသမားများ ဂိုးသွင်းခွင့်များရရှိခဲ့သော်လည်း ဂိုးထပ်
မံသွင်းယူနိုင်ခြင်း မရှိတော့ဘဲ ပွဲပြီးဆုံးခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် ၁၆သင်းအဆင့်ကိုတက်ရောက်
နိုင်ခဲ့ ပြီဖြစ်ပြီး၁၆သင်းအဆင့် တွင် နေပြည်တော်အသင်းနှင့် ဇူလိုင်လ(၁၄) ရက်နေ့တွင်ယှဉ်ပြိုင်ကစား
ရမည်ဖြစ်သည်။

ပါဝင်ကစားခဲ့ကြသူများ(ရခိုင်ယူနိုက်တက်အက်ဖ်စီ)
ဂိုး-စိုးမိုးကျော်
နောက်-ဝေဖြိုးလွင်၊ကျော်နိုင်မြင့်၊ဘားနတ်အချော၊ပြည့်ဖြိုးကိုကို(စောဝင်းထူး)
လယ်-နိုင်နိုင်ကျော်၊ချစ်ကိုကို၊မြတ်ကျော်မိုးဦး၊ဖြိုးဝေ(စည်သူသန်းစိုး)
ရှေ့-အောင်စိုးမိုး(ညီညီနိုင်)၊ဂျော်ဒန် ‪
#‎Matchreport‬

Posted Date 28 Apr
Posted By
10984217 397268657112468 3246157805818838355 n

အကြိတ်အနယ်ကစားပြီးသရေကျခဲ့တဲ့ ဟံသာဝတီနဲ့ ရခိုင်ယူနိုက်တက်

အကြိတ်အနယ်ကစားပြီးသရေကျခဲ့တဲ့ ဟံသာဝတီနဲ့ ရခိုင်ယူနိုက်တက်
မြန်မာနေရှင်နယ်လိဂ် တနင်္ဂနွေနေ့ ပွဲစဉ်တစ်ပွဲဖြစ်သည့် ဟံသာဝတီနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ အောင်ဆန်းကွင်း
တွင် ယှဉ်ပြိုင်ကစားခဲ့ကြရာတစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ ယခုပွဲအနိုင်ရရှိပါက တန်းဆင်းဇုန်မှ
လွတ်မြောက်ရန် မျှော်လင့်ချက်ကြောင့်နှစ်သင်းစလုံး ယခုပွဲကိုအာရုံစိုက်ခဲ့ကြပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။
ဟံသာဝတီအသင်းသည် တိုက်စစ်မှူးအူစမန်နော့ဗ် ကိုအထာင်ထားပြီး ဒီဂျော်ဂျစ်၊ အောင်ဖြိုးမြင့်၊ အောင်မျိုးသူရ စ
သော အဓိ ကကစား သမားစုံ စုံလင်လင်ဖြင့် ပွဲထွက်လာခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်းကလည်း ဒဏ်ရာ
ပြဿနာ အနည်းငယ်ရှိ နေသာ ဂျော်ဒန်ကို အရန်စာရင်းတွင်ပါဝင်လာသည်မှ အပ အောင်စိုးမိုး၊ပြည်မိုး နိုင်နိုင်ကျော်
တို့ဖြင့် ရင်ဆိုင်ခဲ့သည်။

ပွဲစသည်နှင့် တဖက်နှင့်တဖက် အမှားစောင့်ကစားခဲ့ကြပြီး ပွဲချိန်အစောပိုင်းတွင် ဟံသာဝတီအသင်းက ပိုမိုဖိကစားခဲ့ပြီး
ရခိုင်အသင်းကတန်ပြန်တိုက်စစ်ဖြင့်သာ ကစားနေခဲ့သည်ကိုတွေ့ရသည်။ ဟံသာဝတီတိုက်စစ်မှူးအူစမန်နော့
အပြင်းကန်သွင်းချက် ဂိုးဘားကျော်သွားခဲ့ပြီး ပြည်မိုး၏ တကိုယ်တော်ဆွဲပြေးပြီး ဖြတ်ပို့ပေးမှုကို ပိတ်သွင်းမည့်သူမရှိသဖြင့် နစ်နာခဲ့ရသည်။

ပထမပိုင်းတွင် တဖက်နှင့်တဖက် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့ဘဲ သရေ ကျနေခဲ့ကာ ဒုတိယပိုင်းတွင်
ရခိုင်အသင်းကတိုက်စစ်မှူး ဂျော်ဒန်ကိုထည့်သွင်းကစားခဲ့သည်ကို တွေ့ရသည်။ ပွဲချိန် (၅၉)မိနစ်တွင် ရခိုင်ယူနိုက်
တက် ဦးဆောင်ဂိုးရရှိခဲ့ ပြီး ညာထောင့်ကန်ဘောမှ တဆင့် နိုင်နိုင်ကျော်ခေါင်းတိုက်ချပေးသည့်ဘောလုံးကို
မြန်မာ့လက်ရွေးစင်အသင်းတွင် ပဏာမေ၇ွးချယ်ခြင်းခံထားရသည့် ရခိုင်တိုက်စစ်မှူး ပြည်မိုးက အပိုင်ပိတ်သွင်းကာ
ရယူပေးခဲ့သည်။ဦးဆောင်ဂိုးရရှိခဲ့ပြီးနောက် ရခိုင်အသင်းကပွဲကိုထိန်း ကစားရန်ကြိုးစားနေခဲ့ကာ ဟံသာဝတီတို့
ချေပဂိုးရရှိရေး တိုက်စစ်မြှင့်လာခဲ့သည်။ တရစပ်ဖိကစားလာခဲ့သော ဟံသာဝတီအသင်းအတွက် ချေပဂိုးကို ပွဲချိန် (၇၃)
မိနစ်တွင်နောက်ခံလူ မာဗင်လ်ဂျော့ ကထောင့်ကန်ဘောမှ တဆင့်ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ ပွဲချိန် (၈၀)မိနစ်
နောက်ပိုင်းတွင် နှစ်သင်းစလုံးတိုက်စစ်ကိုဖွင့်ကာ အနိုင်ဂိုးရရှိရေး ကြိုးစားခဲ့သော်လည်း ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိပဲ
တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။

၇ခိုင်ယူနိုက်တက်အသင်းသည်ယခုပွဲသရေကျခဲ့သောကြောင့် (၉)ပွဲကစား(၂)ပွဲနိုင် (၁)ပွဲသရေ (၆)ပွဲ ရှုံးရလဒ်ဖြင့်
အမှတ်ပေးဇယား အဆင့် (၈)တွင်ရပ်တည်လျက်ရှိကာ မြန်မာနေ၇ှင်နယ်လိဂ် ပွဲစဉ်များကို ခေတ္တ ရပ်နားမှု
ကြောင့် ရှုံးထွက်ဖလားပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မည်ဖြစ်ပြီး မဟာသင်္ကြန် ကာလအပြီးမှသာ ယှဉ်ပြိုင်ကစားရဖွယ်ရှိနေသည်။

ရခိုင်ယူနိုက်တက်ပွဲထွက်လူစာရင်း

ဂိုး-စိုးမိုးကျော်
နောက်- ဝေဖြိုးလွင်၊ကျော်နိုင်မြင့်၊ဘားနတ်အချော၊ပြည့်ဖြိုးကိုကို
လယ်- နိုင်နိုင်ကျော်၊ထွန်းထွန်းဦး(စည်သူသန်းစိုး)၊သူရကိုကို(၂)(ချစ်ကိုကို)၊
အောင်ခိုင်ထွန်း(ဂျော်ဒန်)
ရှေ့- အောင်စိုးမိုး၊ပြည်မိုး

Posted Date 10 Mar
Posted By
Rakhine 0 2 chin paint 222

ခက်ခက်ခဲခဲ ကစားပြီး ရခိုင်ယူနိုက်တက် ကို ၂ ဂိုးပြတ်ဖြင့် ချင်း အနိုင်ယူ

၂၀၁၅ မြန်မာ နေရှင်နယ်လိဂ် -၁ (Week-8) ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ရခိုင်ယူနိုင်တက် အသင်းနှင့် ချင်းယူနိုက်တက် အသင်းတို့ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့၊ ညနေ (၄) နာရီတွင် သုဝဏ္ဏ အားကစားကွင်း (Y.T.C) ၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားရာ ချင်းယူနိုက်တက် အသင်းက ရခိုင်ယူနိုက်တက် အသင်းကို ခက်ခက်ခဲခဲ ကစားပြီး (၂) ဂိုးပြတ်အနိုင်ရယူ ခဲ့သည်။ အဆိုပါပွဲတွင် နှစ်သင်းစလုံး အတောင့်တင်းဆုံး ပွဲထွက်လူစာရင်း ဖြင့် ယှဉ်ပြိုင်ကစား ခဲ့ပြီး ပထမပိုင်းတွင် ချင်းယူနိုက်တက်က အနည်းငယ် အသာစီးရယူ ကာ ထိုးဖောက် တိုက်စစ်ဆင် ကစားခဲ့သည်။ ချင်းယူနိုက်တက် အပိုင်ဂိုးသွင်းခွင့် အချို့ ရရှိခဲ့သော်လည်း ကစားသမားများ ၏ ဂိုးပေါက် လွဲချော်မှုများကြောင့် ဦးဆောင်ဂိုး မရရှိခဲ့ပေ။ ဒုတိယပိုင်းတွင် ရခိုင်ယူနိုက်တက် အသင်း ပိုမို တိုက်စစ်ဆင် ကစားရာ ပွဲမှာ ပထမပိုင်း ကထက် ပြိုင်ဆိုင်မှု ပိုပြင်းထန်ခဲ့သည်။ ဂိုးပေါက် ကန်သွင်းနိုင်မှု အပိုင်းတွင်မူ ချင်းယူနိုက်တက် အသင်းကသာ ဆက်လက် အသာစီး ရယူနိုင်ခဲ့ကာ (၆၆)မိနစ်တွင် ဆန်းဒေး က လည်းကောင်း၊ (၆၇) မိနစ်တွင် ဆွမ်လန်မန် က လည်းကောင်း ဦးဆောင်ဂိုး များ ဆက်တိုက် သွင်းယူနိုင်ခဲ့သည်။ လက်ကျန်ပွဲချိန် များတွင် ချင်းယူနိုက်တက် ပိုမို ထိုးဖောက် တိုက်စစ်ဆင် ကစားခဲ့သော်လည်း ဂိုး ထပ်မံ သွင်းယူနိုင်ခြင်း မရှိသဖြင့် ရခိုင်ယူနိုက်တက် အသင်း (၀-၂) ချင်းယူနိုက်တက် အသင်း ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။

Posted Date 02 Mar
Posted By
Sponsor
Uab
Sponsor4
Sponsor2
Uab
Sponsor22