After Match Report


13987594 1023786821051094 6058837472719835447 o

သရေ တစ်မှတ်စီ ခွဲယူခဲ့ကြတဲ့ ရခိုင်ယူနိုက်တက်နဲ့ Horizon


ယနေ့ညနေက မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၂၁ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ Horizon နဲ

့ ရခိုင်ယူနိုက်တက်ပွဲစဉ်မှာ တစ်ဖက် ၁ ဂိုးစီသရေနဲ့ပွဲပြီးဆုံးသွားခဲ့ပါတယ်။


ရခိုင်ယူနိုက်တက်ဟာ ပွဲစကတည်းက ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အနိုင် ၃ မှတ်အတွက်

ဂိုးသွင်းခွင့်တွေကို အသင်းတိုက်စစ်မှူးတွေ အသုံးမချနိုင်ခဲ့ပါဘူး။ Horizon ကေ

တာ့ ပထမပိုင်း ၄၅ မိနစ်အတွင်း ဂိုးသွင်းခွင့်မရခဲ့ဘဲ ခံစစ်မှာသာ အချိန်ကုန်နေခဲ့ရပါ

တယ်။


ဒုတိယပိုင်းမှာတော့ Horizon က တိုက်စစ်ဖွင့်ကစားလာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု

လည်း အသာစီးရယူနိုင်ခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေ အများအပြားရရှိခဲ့ပြီး

ပွဲကစားချိန် ၅၆ မိနစ်အရောက်မှာတော့ တိုက်စစ်မှူး မာတင်ပီခရမ်ဒူးက Horizon အတွက်

ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။


ဒါပေမဲ့ အမှတ်လိုအပ်နေတဲ့ ရခိုင်ယူနိုက်တက်က ချေပဂိုးရရှိရေး တိုက်စစ်ဆင်ကစားခဲ့

ပြီး ပွဲကစားချိန် ၇၈ မိနစ်မှာ ဒွေးကိုကိုချစ်က ရခိုင်ယူနိုက်တက်အတွက် ပြန်လည်ချေပနို

င်ခဲ့လို့ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


တန်းဆင်းဇုန်ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဆောက်သမ်းမြန်မာကတော့ ချင်း

ယူနိုက်တက်ကို ဂိုးမရှိသရေကစားခဲ့ပြီး အဖိုးတန်ရမှတ်တစ်မှတ်ရယူနိုင်ခဲ့ပါတယ်။ အခြားပွဲ

စဉ်တစ်ပွဲဖြစ်တဲ့ ရှမ်းယူနိုက်တက်နဲ့ မကွေးပွဲစဉ်မှာလည်း ဂိုးမရှိသရေရလဒ်သာထွက်ေ

ပ်ါခဲ့ပါတယ်။


မြန်မာနေရှင်နယ်လိဂ် ရာသီအပိတ်ပွဲစဉ်တွေမှာ ရခိုင်ယူနိုက်တက်က ဇေယျာရွှေမြေနဲ့

ကစားရမှာဖြစ်ပြီး ဆောက်သမ်းမြန်မာကတော့ ရှမ်းယူနိုက်တက်ကို အဝေးကွင်းမှာ

သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Posted Date 18 Aug
Posted By
Img 8584

ဧရာဝတီအသင်းဆီက အမှတ်ခွဲယူနိုင်ခဲ့ ရခိုင်ယူနိုက်တက်အသင်း


Ooredoo MNL I (week 8) ပွဲစဉ်တစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၈ ရက်က ရခိုင်ယူနိုက်တက်အ

သင်းနဲ့ ဧရာဝတီအသင်း တို့ အောင်ဆန်းကွင်းမှာ ကစားခဲ့ကြပါတယ်။

ဒီပွဲစဉ်မှာတော့ နှစ်သင်းစလုံးက ဂိုးသွင်းခွင့် အခွင့်အရေးတွေ ရခဲ့ပေမယ့်

လဲ အဆုံးသတ် ပိုင်း မသေချာမှုတွေကြောင့်ပဲ ဂိုးမရှိ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။


ခုနစ်မိနစ်အတွင်း ထောင့်ကန်ဘော လေးကြိမ် ရခဲ့တဲ့ ရခိုင်ယူနိုက်တက်


ရခိုင်ယူနိုက်တက်အသင်းက ပွဲစတာနဲ့ ဧရာဝတီအသင်းဘက်ကို ဂိုးရဖို့ ဖိကစားခဲ့ပါ

တယ်။ ပထမပိုင်း ခုနစ်မိနစ်ဝန်းကျင်မှာပဲ ရခိုင် ယူနိုက်တက်အသင်းရဲ့ ထောင့်ကန်ေ

ဘာ ရရှိတဲ့ အကြိမ်အရေအတွက်က လေးကြိမ်ထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဂိုး အဖြစ်ေ

တာ့ ပြောင်း လဲ နိုင်ခဲ့ခြင်း မရှိပါဘူး။ နှစ်သင်းစလုံးက ဘောလုံးရတာနဲ့

တစ်သင်းလုံး တက်ပြီး တိုက်စစ်ဆင်တဲ့ပုံစံမျိုး ပြုလုပ်ခဲ့ပါတယ်။


ရခိုင်အသင်း ဂိုးပေါက် ခြိမ်းခြောက်နိုင်တဲ့ ဧရာဝတီတိုက်စစ်မှူး ခရစ္စတိုဖာ


ပွဲချိန် ၅ မိနစ် ၀န်းကျင်မှာ ဧရာဝတီအသင်း တိုက်စစ်မှူး ခရစ္စတိုဖာ ပင်နယ်တီဧရိယာ

အစပ်ကနေ အမှတ်မထင် လှမ်းကန်တာကို ရခိုင် အသင်း ဂိုးသမား ပုတ်ထုတ်ကာကွယ်ခဲ့ရ

သလို ၁၃ မိနစ်မှာလဲ တောင်ပံကနေ စန်းမျိုးဦး ဖြတ်တင်ပေးတာကို ခရစ္စတိုဖာပဲ

အပိုင်ခေါင်း တိုက်ပေမယ့် ဂိုးတိုင်ဘေး ကပ်ထွက်ခဲ့ပါတယ်။

ခရစ္စတိုဖာ ဘောလုံးဆွဲလာပြီးဆိုရင် ရခိုင်ယူနိုက်တက်အသင်း နောက်ခံလူေ

တွ အဆင့်ဆင့် ဖျက်ထုတ်ကာကွယ်ခဲ့ရပါတယ်။


ဂိုးရဖို့ နီးစပ်တဲ့အဆင့်နဲ့တင် ပြီးခဲ့တဲ့ ပထမပိုင်း


ပထမပိုင်းမှာ ဧရာဝတီအသင်းက တိုက်စစ်မှူး ခရစ္စတိုဖာ၊ အောင်ေ

ကျာ်နိုင်တို့ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့်လဲ ဂိုးဝင်ဖို့ နီးစပ်တဲ့

အဆင့်နဲ့ပဲ ကျေနပ်ခဲ့ ရပါတယ်။ အလားတူပဲ ရခိုင်ယူနိုက်တက်အသင်းကလည်း

တောင်ပံကစားသမား ညီညီမင်းရဲ့ ဂိုးရှေ့ဖြတ် တင်ဘောတွေ က ဂိုးရဖို့

နီးစပ်ခဲ့ပါတယ်။ နှစ်သင်းစလုံးက ပထမပိုင်းမှာ ဂိုးရဖို့ နီးစပ်တဲ့ အခွင့်အေ

ရးတွေ ရခဲ့ပေမယ့်လည်း နီးစပ်တဲ့ အဆင့်မှာပဲ ရှိခဲ့ပြီး ဂိုးအဖြစ် ဖန်တီးနိုင်

ခဲ့ခြင်း မရှိခဲ့ကြပါဘူး။


ဒုတိယပိုင်းမှာ ခြေပိုကောင်းလာတဲ့ ဧရာဝတီ


ပထမပိုင်းမှာ ပုံစံကောင်း မရခဲ့တဲ့ ဧရာဝတီအသင်းဟာ

ဒုတိယပိုင်းမှာတော့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ရခိုင်အသင်းကို ဖိကစားနို

င်ခဲ့ပါ တယ်။ အလားတူပဲ ဒုတိယပိုင်းပြီးခါနီး မိနစ်တွေမှာလည်း ဂိုးရဖို့

နီးစပ်တဲ့အခြေအနေကောင်းတွေ ရှိခဲ့ပေမယ့်လဲ ဂိုးအဖြစ် မပြောင်း လဲ

နိုင်ခဲ့ပါဘူး။


ရခိုင်ယူနိုက်တက် ၀-၀ ဧရာဝတီယူနိုက်တက်


ဒီနှစ်သင်းစလုံးရဲ့ အဆုံးသတ် ဂိုးသွင်းမသေချာမှုတွေကြောင့်ပဲ ပွဲအပြီး

မှာတော့ ဂိုးမရှိ သရေ ရလဒ်နဲ့ပွဲ ပြီးဆုံးခဲ့ပါတယ်။ ဧရာဝတီ ယူနိုက်တက်အသင်းက

လာမယ့်တစ်ပတ်မှာ ဆောက်သမ်းအသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ရခိုင်

ယူနိုက်တက်အသင်းကတော့ လာမယ့်တစ်ပတ်မှာ ချင်းယူနိုက်တက်အသင်းနဲ့ က

စားရမှာဖြစ်ပါတယ်။

Posted Date 29 Feb
Posted By
Img 8165

ရန်ကုန်အသင်းကိုမြက်ခင်းတုမှာရှုံးနိမ့်ခဲ့သည့်ရခိုင်ယူနိုက်တက်အက်ဖ်စီ


ရာသီအစပိုင်းက ခြေစွမ်းကျဆင်းကာ ရလဒ်ဆိုးနေခဲ့သည့် ရန်ကုန်ယူနိုက်တက်

အသင်းသည် ယနေ့ ဖေဖော်ဝါရီ ၂၀ ညနေပိုင်းက YUSC ကွင်းတွင် ကစားခဲ့

သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်၌ ခြေစွမ်းမာကျောသည့် ရခိုင်ယူနိုက်တက်ကို (၃-၁)

ဂိုးဖြင့် အနိုင်ကစားကာ တတိယမြောက် နိုင်ပွဲ ရယူနိုင်ခဲ့သည်။


ယခုပွဲတွင် ရန်ကုန် အသင်းအနေဖြင့် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ရခိုင် အသင်း

ကလည်း တန်ပြန်တိုက်စစ် များမှတစ်ဆင့် ရန်ကုန်ကို ပြန်လည် ဖိအားပေး နိုင်ခဲ့သည်။

ရန်ကုန်တွင် လူငယ် ခံစစ်အတွဲ ဖြစ်သည့် သီဟထက်အောင်နှင့် သိန်းဇော်တို့

ခြေစွမ်းပြ ခဲ့ပြီး ရခိုင် ယူနိုက်တက် တွင်လည်း လူငယ် ဂိုးသမား ချမ်းငြိမ်းေ

ကျာ် လက်စွမ်းပြ ခဲ့သည်။


ရန်ကုန် ဦးဆောင်သည့် ပထမပိုင်း


နှစ်သင်း စလုံး ပွဲချိန် အတွင်း အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြသည့်

အတွက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး အပြန်အလှန် ဂိုးသွင်းခွင့် များလည်း

ရရှိခဲ့ကြသည်။ သို့သော် ဂိုးသွင်းခွင့်များကို အသုံးချရာတွင်မူ ရန်ကုန်က

အသာရခဲ့ပြီး ပထမပိုင်း ပွဲချိန်အတွင်း ဦးဆောင်ဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့သည်။

ရန်ကုန် အတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၆ မိနစ်တွင် ကျော်ကိုကို ဖန်တီးပေးရာမှ အက်ဒီ

လ်ဆင်က ဂိုးသမား၏ ဘယ်ထောင့်ကို ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၃၆ မိနစ်တွင်

ရန်ကုန်အသင်း ဒုတိယဂိုး ရရှိခဲ့ပြီး ထောင့်ကန်ဘောမှ တစ်ဆင့် ကြည်လင်းကေ

ခါင်းတိုက် သွင်းယူပေးခဲ့သည်။ ထိုဂိုးမတိုင်မီတွင် ရန်ကုန်အသင်း ဂိုးရရန် နီးစပ်ခဲ့သေး

ပြီး ချမ်းငြိမ်းကျော် အစွမ်းပြ ပုတ်ထုတ်ခဲ့သည်။ ပထမပိုင်း နောက်ဆုံး မိနစ်တွင်

ရခိုင်ယူနိုက်တက် အနေဖြင့် တစ်ဂိုးသွင်းယူ နိုင်ခဲ့သော်လည်း စည်းကျပ်ဒိုင်က လြူ

ကွံဘော သတ်မှတ် ခဲ့သောကြောင့် ရခိုင်တို့ နစ်နာ ခဲ့ရသည်။


ပွဲကြမ်းခဲ့သည့် ဒုတိယပိုင်း


ဒုတိယပိုင်းတွင်မူ ရခိုင်အသင်း ချေပဂိုး သွင်းယူနိုင်ခဲ့မှုနှင့် အတူ ပွဲက အကြိ

တ်အနယ် ရှိလာခဲ့ပြီး ပွဲကြမ်းတစ်ပွဲလည်း ဖြစ်လာခဲ့သည်။ ရခိုင်အတွက် ချေပဂိုးကို

ပွဲချိန် ၈၀ မိနစ် အရောက်တွင် အန်ဒရေက ပြစ်ဒဏ်ဘောအား တိုက်ရိုက် ကန်သွင်းခဲ့ခြင်း

ဖြစ်သည်။ သို့သော် ရခိုင်၏ ပျော်ရွင်မှုမှာ ကြာရှည် မခံခဲ့ဘဲ နောက် ၂ မိနစ်

အကြာမှာပင် ရန်ကုန်က တတိယဂိုးကို သွင်းယူသွားခဲ့သည်။ ပွဲချိန် ၈၂ မိနစ်တွင် ရရှိသည့်

ထောင့်ကန်ဘောမှ ကြည်လင်း၏ ခေါင်းတိုက်ချက်ကို ရခိုင် ကွင်းလယ်လူ ကာမာရာ

တားဆီးရာမှ ဂိုးဝင်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ကွင်းလယ်ဒိုင်က ကြည်လင်း၏

သွင်းဂိုးအဖြစ် သတ်မှတ် ပေးခဲ့သည်။ လက်ကျန် မိနစ်များတွင် နှစ်ဖက်အသင်း ကစားသမား

များ ကြမ်းတမ်းစွာ ကစားခဲ့ကြသောကြောင့် ပွဲကြမ်းတစ်ပွဲ ဖြစ်ခဲ့ပြီး

လက်ကျန် မိနစ်များတွင် ဂိုးထပ်သွင်းယူ နိုင်ခြင်းလည်း မရှိတော့ဘဲ ပွဲပြီးဆုံးခဲ့သည်။

Posted Date 24 Feb
Posted By
Img 1954

နိုင်ပွဲဆက်နေသည့် ဟံသာဝတီကို အခက်တွေ့စေခဲ့တဲ့ ရခိုင်ယူနိုက်တက်


ယနေ့ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ညနေ(၄)နာရီကသုဝဏ္ဏကွ

င်းတွင် အော်ရီဒူး မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၆) စနေနေ့ ပွဲစဉ်အဖြစ် ရခိုင်

ယူနိုက်တက် နှင့် ဟံသာဝတီယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ (၁-၁)ဂိုးဖြင့်

သရေကျခဲ့သည်။

ဟံသာဝတီအနေဖြင့် ယခုနှစ် မြန်မာနေရှင်နယ်လိဂ်တွင် အထူးခြေစွမ်းပြနေသည့်

အသင်းကြီးဖြစ်ပြီး ပြီးခဲ့သည့် ပွဲစဉ်များတစ်လျှောက် နိုင်ပွဲများဆက်နေသော

အသင်းလည်းဖြစ်သည်။ သို့သော် ရခိုင်အသင်း၏

ကစားပုံကောင်းသည့်အတွက် နှစ်သင်းစလုံး ဂိုးရရှိရန် အကြိတ်အနယ်ကစားခဲ့ရပြီး

ပထပပိုင်းပြီးသည်အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။

ရခိုင်တို့ ဦးဆောင်ဂိုးစယူ


ဒုတိယပိုင်းပွဲချိန်စသည်နှင့် ဟံသာဝတီအသင်း စစ်တိုက်မြှင့် ဖိကစား

ခဲ့ပြီး ဂိုးသွင်းခွင့်များလည်း ရှိခဲ့သည်။ သို့သော် ရခိုင်အသင်း၏ နောက်တ

န်းကာကွယ်နိုင်မှု၊ ဟံသာဝတီအသင်းအနေဖြင့် ဂိုးရရှိရန် စိတ်ဆန္ဒစောမှုများေ

ကြာင့် ဂိုးများမရရှိခဲ့ပေ။ ရခိုင်အသင်းမှလည်း ပထမပိုင်းထက် ခြေစွမ်းပို

မိုမြှင့်ကစားခဲ့ရာ ပွဲချိန် (၆၀)မိနစ်တွင် အသင်း၏ တိုက်စစ်မှူး ကျောနံပါတ် (၁၀)

အမ်ဒရေက အသင်းအတွက် ဦးဆောင်ဂိုးကို ဒေါင့်ကန်ဘောမှ လှလှပပ

သွင်းယူပေးခဲ့သည်။

ချေပဂိုးပြန်လည်သွင်းယူခဲ့တဲ့ ဟံသာဝတီ


ရှုံးပွဲမရှိသေးသည့် ဟံသာဝတီအနေဖြင့် ချေပဂိုးရရှိရန် အားစိုက်ကစားခဲ့ရာ ပွဲချိန်

(၈၅)မိနစ်တွင် ချေပဂိုးကို အသင်းခေါင်းဆောင် ကျောနံပါတ်(၃) အောင်ဇော်မှ

သွင်းယူပေးခဲ့သည်။ ထို့နောက် ဒုတိယပိုင်း ပွဲချိန်အပြီးတွင် နှစ်ဖက်အသင်းစလုံး

ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိဘဲ (၁-၁)ဖြင့် သရေကျခဲ့သည်။

Posted Date 14 Feb
Posted By
Img 1558

ရတနာပုံ ၂-၀ ရခိုင်ယူနိုက်တက် ပွဲပြီးသုံးသပ်ချက်


Ooredoo MNL 2016 ပွဲစဉ် (၄) အဖြစ် ရတနာပုံအသင်း နှင့် ရခိုင်အသင်းတို့

မန္တလေးမြို့၊ ဗထူး အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး ရတနာပုံအသင်းက

ကိဒ်၊ ဝင်းနိုင်စိုး တို့၏ သွင်းဂိုးများဖြင့် ရခိုင်အသင်းကို အိမ်ကွင်း ပရိသတ်ရှေ့

တွင်(၂-ဝ) ဖြင့် အနိုင်ရခဲ့ကာ အမှတ်ပေးဇယား ပထမနေရာတွင် ဆက်လက် ရပ်တည်ခဲ့သည်။


ရတနာပုံအသင်းသည် အိမ်ကွင်းတွင် အနိုင်ရလဒ် သေချာရေးအတွက် ရဲကိုဦး၊

ကိဒ်၊ အောင်သူ၊ ရှိုင်းသူရ၊ ရန်ပိုင် အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး

ဧည့်သည် ရခိုင်အသင်းကလည်း ဘရာဇီးတိုက်စစ်မှူး အန်ဒရေ၊ ကာမာရာ၊ ညီညီမင်း

ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာသည်။


ရတနာပုံအသင်း အိမ်ကွင်း အားသာချက်ဖြင့် ပွဲစသည် နှင့် ရခိုင်အသင်းကို

ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၂ မိနစ်တွင် ရဲကိုဦး ဂိုးဧရိယာပြင်ပမှ ကန်သည့် ကန်ချက်

ရခိုင်ဂိုးသမား ကာကွယ်နိုင်ခဲ့သည့်အတွက် ရတနာပုံအသင်း အဖွင့်ဂိုးရရှိမည့်

အခွင့်အရေး နှင့်လွဲခဲ့သည်။ ပွဲချိန် ၂၉ မိနစ်တွင် ရတနာပုံ ကစားသမား ဝင်နိုင်စိုး

ဂိုးဧရိယာအတွင် ဆွဲဝင်လာသည့် အနေအထားကို ရခိုင်နောက်ခံလူ ကျော်နိုင်မြ

င့် ဖျက်ထုတ်ပုံ ကြမ်းခဲ့သဖြင့် ရတနာပုံအသင်း ပင်နယ်တီကန်ခွင့်ရပြီ အဆိုပါ ပင်န

ယ်တီကို ကိဒ် က ဂိုးသမား ဘယ်ဘက်သို့ ကန်သွင်းကာအဖွင့် ဂိုးသွင်း ယူခဲ့ပြီး မကြာမီ

ပွဲချိန် မိနစ် ၃ဝတွင် အောင်သူ၊ ကိဒ် အတွဲမှတဆင့် ညာခြမ်းမှ ဖြတ်တင်ပေးသည့်

ဘောလုံးကို ဝင်နိုင်စိုး အသာအယာ ပိတ်သွင်းပြီး ရတနာပုံအသင်း ဒုတိယဂိုးရရှိခဲ့

ပြီး လက်ကျန်ပွဲချိန်များတွင် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သော်လည်း ရတနာပုံအသင်း အနိုင်ရလဒ်ကို

ထိန်းထားနိုင်ခဲ့သည့်အတွက် အိမ်ကွင်းတွင် အနိုင်(၃) မှတ်ရရှိခဲ့သည်။


ရတနာပုံအသင်းသည် ပွဲစဉ် (၄)အပြီးတွင် ၄ပွဲကစား ၃ပွဲနိုင်၊၁ပွဲသရေ ရမှတ်

(၁ဝ)မှတ်ဖြင့် အဆင့် (၁) နေရာ၊ ရခိုင်အသင်းက ၄ပွဲကစား ၁ပွဲနိုင်၊ ၁ပွဲသရေ

၊ ၂ပွဲရှုံးရလဒ်ဖြင့် အဆင့် (၇) နေရာတွင် ရပ်တည်နေခဲ့သည်။

Posted Date 03 Feb
Posted By
Sponsor
Sponsor22
Sponsor4
Sponsor2
Sponsor
Sponsor22